မြေးတွေအတွက် အဘိုးကထားခဲ့တဲ့ အမွေ


၂၀၁၂နှစ်စက်တင်ဘာလ၃ရက်မှာအမေရိကန်နိုင်ငံနယူးဂျာစီပြည်နယ်မှာနေတဲ့အိုင်ရလန်လူမျိုးအမေရိ ကန်နိုင်ငံသားMr.James၇၂နှစ်ဟာနှလုံးရောဂါကြောင့်ဘဝတပါးကိုပြောင်းသွားခဲ့ပါတယ်။သူရဲ့မွေးနေ့ဖြစ် တဲ့ဧပြီလ ၈ ရက်နေ့တွင်မြေး၅ယောက်အတွက် စာလေးတစောင်ရေးနေခဲ့ပါတယ်။စာလေးရဲ့ခေါင်းစဉ် ကတော့ “ဘဝကပေးတဲ့သင်ခန်းစာ ၁၈ ချက်”ပါ။စာလေးနဲ့ပတ်သက်ပြီး အသေးစိတ်ကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

၀၁.ကိုယ်ကိုကိုယ်တန်ဖိုးထားပါမိဘကအပင်ပန်းခံပြီးကျွေးမွေးစောင့်ရှောက်လို့သာကြီးပြင်းလာရတာပါ။ စိတ်ပင်ပန်းတဲ့အခါ ဘုရားတရား၊မိဘ၊ဆရာကိုမမေ့မှသာလျှင် ကိုယ်ကိုကိုယ် တန်ဖိုးထားတတ်မှာပါ။

၀၂.ဆုံးရှုံးမှာကိုကြောက်မနေပဲ လုပ်သင့်တာကိုလုပ်ပါကိုယ်ရဲ့ဘဝမှာလုပ်ချင်တာကို ဘာကိုမှမကြောက်ပဲ လုပ်သင့်တာကိုလုပ်ပါ။ဘယ်လိုမှမဖြစ်နိုင်တဲ့ရည်မှန်းချက်ပဲဖြစ်ဖြစ်ပတ်ဝန်းကျင်က ဘာပဲပြောပြော သူက ဘယ်လိုထင်သလဲ၊ သူတပါးရဲ့အရိပ်အခြေကိုပဲကြည့်ပြီး ဘဝကိုလျှောက်လှမ်းဖို့မလိုပါ။ဖြစ်ချင်တဲ့ဆန္ဒြ
ပြင်းပြနေတဲ့အရာကိုသတ္တိရှိရှိနဲ့သာရှေ့ဆက်လျှောက်ပါ။လုပ်ပြီးမအောင်မြင်ခဲ့ရင်လည်း နောင်တဆိုတဲ့ စကားနှစ်လုံးကတော့ ပေါ်လာမှာမဟုတ်ပါ။

၀၃.လူဆိုတာ အကုန်လုံးအတူတူချည်းပါကမ္ဘာပေါ်မှာရှိတဲ့လူတွေအားလုံးဟာ အတူတူချည်းပါပဲ။ လူတွေ ထဲမှာတော့ သူဌေးဆိုတာလဲရှိပြီး မတူသလိုမတန်သလိုဆက်ဆံတာမျိုးလည်းရှိနိုင်ပါတယ်။ဒါပေမဲ့လည်း အားမငယ်ပါနဲ့။သူဌေးတွေမှာလည်း ကြောက်စိတ်၊အားငယ်စိတ်တွေရှိပါတယ်။တခြား လူတွေလို ဗိုက်ဆာ ရင်ထမင်းစားပြီး ပင်ပန်းလာရင် အိပ်တတ်ပါတယ်။

၀၄.လုပ်ချင်တဲ့အရာတွေကို ရေးမှတ်ထားပါဘဝမှာလုပ်ချင်တဲ့အရာတွေကို သေသေချာချာ ရေးချပြီးမှတ်
သားထားစေလိုပါတယ်။ခရီးသွားချင်တဲ့နေရာ၊သင်ချင်တဲ့စာတတ်ချင်တဲ့ကျောင်း၊ဖြစ်ချင်တာအားလုံးကို
ရေးချထားပြီး၁ နှစ်အတွင်းဖြစ်နိုင်မဲ့အရာကိုစပြီးလုပ်ပါ။ဒီအကျင့်လေးကိုနှစ်စဉ်လုပ်စေချင်ပါတယ်။
မနက်ဖြန်မှလုပ်မယ်ဆိုရင် ဘယ်တော့မှလုပ်ဖြစ်မှာမဟုတ်ပါ။လူ့ဘဝဆိုတာ မနက်ဖြန်ဆိုတာရှိချင်မှရှိ မှာပါ။ဘာမှမမြဲဘူးဆိုတာကို သတိရပါ။

၀၅.ကလေးတွေကိုချီးကျုးပါအိုင်ရလန်လူမျိုးတွေမှာစကားပုံရှိပါတယ်။ကလေးကိုလေးလေးစားစား အားပေး အားမြှောက်လုပ်ရင် ကလေးကမပြောလဲကြိုးစာမှာပါ။ကိုယ်မှာကလေးရလာရင် လုပ်ဖြစ်အောင်လုပ်ပါ။

၀၆.လူတွေကိုကူညီပါဖြစ်နိုင်ရင်ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ချိ့တဲ့ပြီးလူဘောင်ကနေ ဝေးကွာနေတဲ့သူတွေကို တတ်နိုင်သလောက်ကူညီပါ။သူတို့ရဲ့ဘဝမှာ ဝမ်းနည်းစရာ၊ကြေကွဲစရာ ဒဏ်ရာတွေနဲ့ပြည့်နေပါတယ်။

၀၇.တယောက်နဲ့တယောက်သတ်နေတဲ့စစ်ပွဲဆိုတာမကောင်းပါတယောက်နဲ့တယောက်သတ်ဖြတ်နေတဲ့ စစ်ပွဲဆိုတာဟာမကောင်းပါ။နိုင်ငံရေးအရနိုင်ငံခေါင်းဆောင်တွေကစာရွတ်တွေမှာလက်မှတ်ထိုးပြီးစခဲ့တဲ့ စစ်ပွဲတွေမှာအသက်တွေဆုံးရှုံးရတာကတော့လူငယ်တွေပါ။နောက်ဆုံးတော့စာရွက်တွေမှာလက်မှတ်ထိုး ပြီးတော့စစ်ဆိုတာအဆုံးသတ်ရတာပါပဲ။

၀၈.စာများများဖတ်ပါစာများများဖတ်မှသာလျှင် ဥာဏ်ထက်ပြီး အသိဥာဏ်တိုးလာမှာပါ။

၀၉.ရိုးရိုးသားသားနေပါရိုးရိုးသားသားနေတယ်ဆိုတာ မွန်မြတ်ပါတယ်။

၁၀.ခရီးသွားပါတတ်နိုင်ရင်ခရီးများများသွားပါပိုက်ဆံစုပြီးမှသွားမယ်ဆိုရင်တော်တော်နဲ့သွားဖြစ်မှာမ
ဟုတ်ပါအဝေးကြီးသွားစရာမလိုပါကိုယ့်ရပ်ရွာကနေပတ်ဝန်းကျင်မှာလည်းမသွားဖူးတဲ့နေရာဆိုတာ
ရှိနိုင်ပါတယ်။

၁၁.ကိုယ်လုပ်ချင်တဲ့အလုပ်နဲအသက်မွေးဝမ်းကျောင်းပါကိုယ်လုပ်ချင်တဲ့အလုပ်ကိုဘဝရဲ့အသက်မွေး ဝမ်းကျောင်းအဖြစ်ရွေးသင့်ပါတယ်။လွယ်လွယ်နဲ့တော့မဖြစ်နိုင်ပင်မဲ့ကြိုးစားပါ။ပိုက်ဆံကိုပဲကြည့်ပြီး အလုပ် ကိုရွေးရင်တော့ အလုပ်ကပျော်စရာကောင်းမှာမဟုတ်ပါ။

၁၂.သူတပါးကို မဆဲမဆူပါနဲ့။သူတပါးကို ဆဲဆူလိုက်ရင် ကိုယ်လည်းစိတ်မကောင်းသလို အပြောခံရတဲ့သူ မှာလည်း ခံရခက်ပါတယ်။ဒါကိုရှောင်ဖို့ဆိုတာခက်ပင်မဲ့ တတ်နိုင်သလောက်မလုပ်ပါနဲ့။

၁၃.ကလေးတွေရဲ့ကတိကို မဖျက်ပါနဲ့မဖြစ်နိုင်တဲ့ကိစ္စကို ဖြစ်အောင်လုပ်မယ်လို့မပြောပဲနဲ့ ကလေးတွေ ကိုပေးထားတဲ့ကတိဆိုတာမပျက်နိုင်တဲ့ကတိကိုပေးပါ။ကလေးတွေရဲ့နှလုံးသားဆိုတာ ရိုးသားစင်ကြယ်တဲ့ အတွက် ဒဏ်ရာတွေမပေးပါနဲ့။

၁၄.ချစ်ခြင်းတရားကို မလိမ်မိစေပါနဲ့သူတပါးကို စိတ်ထဲကမချစ်ပဲနဲ့ချစ်တယ်လို့မပြောမိပါစေနဲ့။

၁၅.ပတ်ဝန်းကျင်သဘာဝကိုလည်း လေ့လာပါတတ်နိုင်သလောက်အပြင်ကိုထွက်ပြီးလူ့လောကကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာကို ကိုယ့်မျက်စိနဲ့ကြည့်ပါ။

၁၆.ကိုယ့်ရဲ့ဘိုးဘွားတွေအကြောင်းကိုမေးကြည့်ပါကိုယ့်ရဲ့ဘိုးဘွားတွေကဘယ်လိုကြိုးစားခဲ့ရသလဲဆို တာကို မေးသင့်ပါတယ်။

၁၇.ချစ်တဲ့သူကို ကျေးဇူးတင်စကားပြောဖို့မမေ့ပါနဲ့ချစ်တဲ့သူကို မဆုံးရှုံးခင်မှာချစ်တဲ့အကြောင်း ကျေးဇူးတင် တဲ့အကြောင်းကို ပြောဖြစ်အောင်ပြောပါ။

၁၈.ဘဝဆိုတာ နောက်ပြန်လျှောက်လို့မရပါဘဝဆိုတာတစ်နေ့ပြီးတစ်နေ့နဲ့ပြီးဆုံးရတာပါ။တစ်ရက်
တစ်ရက်ကို တန်ဖိုးရှိရှိ အသုံးချစေချင်ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ