![]() |
| ခြောက်ပွင့် ဆိုင်ကို အခု ဆွေးနွေးပွဲ နဲ့ အစား ထိုး လို့ မရဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် |
သမ္မတဦး သိန်းစိန် ဦးဆောင် ကျင်းပပြီး နိုင်ငံရေး ထိပ်သီး ခေါင်းဆောင် ၄၈ ဦး တက်ရောက် တဲ့ သမ္မတ အိမ်တော် တံခါး ပိတ် အစည်း အဝေးမှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး၊ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေး ပွဲများ ကျင်းပရေး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်မြင် ဖို့ စတဲ့ အချက် သုံးချက် ကို အခြေခံ
ဆွေးနွေး ကြတာပါ။
အလားတူ ဆွေးနွေးပွဲတွေ ကို ထပ်မံ လုပ်ဆောင်သွား ဦးမှာ ဖြစ်တယ် ဆိုတဲ့ အကြောင်း၊ ဆွေးနွေးပွဲ အပြီး ကြေညာချက်ကို သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က သတင်းစာ ရှင်းလင်းပွဲ မှာ ဖတ်ကြား သွားခဲ့ ပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကတော့ ခြောက်ပွင့် ဆိုင်ကို အခု ဆွေးနွေးပွဲ နဲ့ အစား ထိုး လို့ မရဘူးလို့ သတင်း ထောက်တွေကို ပြောပါ တယ်။
ဒီ ဆွေးနွေး ပွဲဟာ သမ္မတ ဘက်က တိုင်းရင်းသား ရေးရာ ဝန်ကြီးတွေ ကိုပါ ဖိတ်ပြီးတော့ အစု အဖွဲ့ ၆ ဖွဲ့ ဆိုပြီး ပြောလာ တာတွေ ရှိနေပါတယ်။
ဒါ့ အပြင် ၆ ပွင့်ဆိုင် တွေ့ဖို့ လွှက်တော် မှာ ဆွေးနွေး ခဲ့တဲ ဒေါက်တာအေးမောင် ကို မဖိတ် ဘဲ ချန်ခဲ့ တာရယ်၊ နောက်ပြီး အစိုးရက သူတို့ လိုချင်တဲ့ ပုံစံ အတိုင်း ဦးစားပေး လုပ် နေတာ ကြောင့်၊ ရလဒ
ကောင်းတွေ ထွက်လာ ဖို့က အလှမ်း ဝေးနေဦး မယ်လို့ နိုင်ငံရေး အကဲ ခတ်တွေက ပြောဆို နေပါတယ်။
BBC

မှတ်ချက်များ