လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ ချစ်သူစုံတွဲ အသစ်လား

ဓာတ်ပုံ- urbanislandz.com
ကမ္ဘာကျော် အနုပညာရှင်တွေဖြစ်ကြတဲ့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနား တို့ ၂ ဦး ချိန်းတွေ့ကြပြီ ဆို တဲ့ ကောလဟာလတွေ ပေါ်ထွက်လာနေပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ စနေနေ့က Playboy Mansion မှာ လုပ်တဲ့ ဒီဇိုင်နာ Nikki Erwin ရဲ့ မွေးနေ့ ပါတီပွဲမှာ သူတို့ ၂ ဦးကို အတူတွဲပြီးတွေ့ခဲ့ရပါသေးတယ်တဲ့ ။

အဲဒီ့နောက်ပိုင်း အခုလို ခန့်မှန်းပြောဆိုချက်တွေ ပေါ်ထွက်လာတာဖြစ်နိုင်တယ်လို့ သတင်းကဆိုတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်း ၂၀၁၅ ခုနှစ် နှစ်သစ်ကူးအကြိုညတုန်းကလည်း St. Barts မှာ သူတို့ ၂ ဦး အတူရှိခဲ့ကြတယ်ဆိုတဲ့သတင်းတွေလည်း နောက်ဆက်တွဲ ထွက်လာခဲ့ပါတယ်။

အခုတော့ အနောက်နိုင်ငံ အဝါရောင် မဂ္ဂဇင်း ဂျာနယ်တွေမှာတော့ လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ ၂ ဦးကို အသစ် စက်စက် အတွဲအဖြစ် ရေးသားဖော်ပြနေကြပါတယ်။

လီယိုနာဒို ဒီကာပရီယိုနဲ့ ရီဟားနားတို့ဟာ အရမ်းကို နီးနီးကပ်ကပ်ရှိလာနေတယ်၊ ရီဟားနားကလည်းသူ့ ကို စိတ်ဝင်စားနေတယ်၊ သူတို့ မိတ်ဆွေသူငယ်ချင်းတွေကြားမှာတော့ ရီဟားနားက လီယိုနာဒိုကို သူ့ချစ် သူအမျိုးသားတဦးအဖြစ် မြင်ချင်ပုံရတယ်ဆိုတာတွေလည်း ပြောနေကြတယ်" လို့ သတင်းရင်းမြစ် တွေက Dish Nation သတင်းကို ပြောဆိုထားတာလည်း ရှိနေပါတယ်။

တချို့ သတင်းရင်းမြစ်တွေက ပြောတာကလည်း သူတို့ ၂ ဦးဟာ တကယ့်ချစ်သူတွေလိုပါပဲတဲ့။ သူတို့ ၂ ဦး တဦးကို တဦး နမ်း ကြတာတွေဟာ သာမန်မဟုတ်ပဲ တယောက်နဲ့ တယောက်စွဲမက်တဲ့ အနမ်းတွေ ဖြစ်ကြ တယ်ဆိုတာ မိတ်ဆွေတွေက သတိထားမိကြပါတယ်လို့လည်း သတင်းက ဆိုပါတယ်။

အနောက်နိုင်ငံ သတင်းမုဆိုးတွေလည်း သူတို့ ၂ ဦးရဲ့ အတူ တွဲပြီး ရှိနေတဲ့ သတင်းကို ဓာတ်ပုံနဲ့ တကွ အတိအကျ ဖော်ပြ နိုင်ဖို့ အသည်းအသန် ကြိုးစားနေကြတယ်လို့ ဆိုနေကြပါတယ်။

မြန်မာပရိသတ်တွေအနေနဲ့လည်း တိုက်တန်းနစ် ဇာတ်ကားနဲ့ နာမည်ကျော် မင်းသား လီယိုနာဒို ဒီကာ ပရီယိုကို သိထားပြီးသား ဖြစ်သလို အဆိုတော် ရီဟားနားကိုလည်း ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။

ဒါကြောင့် အခု သူတို့ ၂ ယောက်ကို အတွဲသစ် အဖြစ်ပရိသတ်တွေအနေနဲ့ ဘယ်လို ရှုမြင်ကြလဲ ဆိုတာ လည်းလွတ်လပ်ယဉ်ကျေးစွာ ဆွေးနွေးနိုင်ပါတယ်။ လိုက်ဖက်တယ်၊ မလိုက်ဖက်ဘူး ဆိုတာမျိုးပေါ့။

အိမ့်သံစဉ် | ဧရာဝတီ

မှတ်ချက်များ