တိုးနိုင်မန်း ကားတိုက်မှုအတွက် လူစားထိုး ထောင်ကျ ခံစေသည့် သတင်းထွက်ပေါ်


ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သားအငယ် ဦးတိုးနိုင်မန်းသည် ၂၀၀၁ ခုနှစ် မတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ဗထူးတပ်မြို့၌ ကားတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး လူစားထိုး ထောင်ဒဏ်ကျ ခံစေခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ကြောင်း သမ္မတရုံးနှင့် နီးစပ်သူတဦးက
ပြောသည်။

ဇန်န၀ါရီ ပထမပတ်အတွင်း ဦးရွှေမန်းကို ယခင်စစ်ဗိုလ်ချုပ်ဟောင်းများနှင့် ရန်ကုန်ဟိုတယ်တွင် တိတ်တ ဆိတ်တွေ့ ဆုံရန် ဦးတိုးနိုင်မန်းက စီစဉ်ပေးခဲ့သည့် သတင်းနှင့်အတူ လာမည့် ၁၆၊ ၁၇ နှင့် ၁၈ ရက်နေ့များ တွင် ပြုလုပ်မည့် ကြံ့ခိုင်ရေး ဗဟိုညီလာခံ ကျင်းပချိန်နှင့် အချိန်ကိုက် ယခုသတင်းက ထွက်ပေါ်လာခြင်း ဖြစ် သည်။

နိုင်ငံရေးရည်မှန်းချက်ကြီးမားသည့် ဦးတိုးနိုင်မန်းသည် လွှတ်တော်ဥက္ကဋ္ဌသူရ ဦးရွှေမန်းကို နိုင်ငံရေးအ ကြံပေးဖြစ် သည်ဟု ပြည်ထောင်စုကြံခိုင်ရေးပါတီမှ ထိပ်တန်းခေါင်းဆောင်းတဦးက မှတ်ချက် ပြုပြောဆို သည်။

ပါးနပ်သော၍ ကိုယ်ရည်ကိုယ်သွေးရှိသူ ဦးတိုးနိုင်မန်းသည် လွှတ်တော်နာယက သူရဦးရွှေမန်း၏နိုင်ငံ ရေး အကြံပေး၊ ဗျူဟာမှူးတဦးဖြစ်သည်ဟု အစိုးရအဖွဲ့နှင့်နီးစပ်သူတဦးကလည်း စွပ်စွဲပြောဆိုသည်။

Red Link ကုမ္ပဏီကို ပိုင်ဆိုင်၍ အချက်အလက်များစုဆောင်းနိုင်သကဲ့သို့ လိုင်စင်ရသူဌေးကြီး ဦးခင်ရွှေ၏ သမက်တော်စပ်သောကြောင့် ငွေကြေးအင်အားတောင့်တင်းကာ အိမ်နီးချင်းထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကဲ့သို့ ငွေနှင့် နိုင်ငံရေးလုပ်သူတဦးဖြစ်ကြောင်း မြန်မာနိုင်ငံရေးအကဲခတ်တဦး က မှတ်ချက်ပြု
ပြောဆိုသည်။

ဇန်န၀ါရီ ၁၅ ရက် ညပိုင်းအချိန်အထိ ဦးတိုးနိုင်မန်း၏ ဖုန်း ၀၉ ၅၀၂၀၀၀၇၊ ၀၉ ၄၉၃၁ ၇၇၇၇ သို့ ဆက် သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပါ။

ပင်အိုတူး | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ