မာလီတွင် အီဘိုလာ ကူးစက်မှု ကင်းစင်ပပျောက်သွားပြီဟု ကြေညာ
မာလီနိုင်ငံတွင် အီဘိုလာရောဂါ နောက်ထပ် ကူးစက်ပျံ့နှံ့မှု မရှိတော့ဟု အစိုးရက အတည်ပြု သတင်း ထုတ်ပြန်ခဲ့သည်။
မာလီ ကျန်းမာရေး ဝန်ကြီးဌာနက (၄၂)ရက်တိုင်တိုင် စောင့်ကြည့်ခဲ့သော်လည်း အီဘိုလာရောဂါ နောက် ထပ် ကူးစက် ပျံ့နှံ့မှု လုံးဝ မရှိတော့သဖြင့် မာလီတွင် အီဘိုလာ ကင်းစင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
“ဒီနေ့မှာ ကျွန်တော် အလေးအနက် ကြေညာမယ်။ မာလီမှာ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်မှုလုံးဝ ပျောက် ကွယ်သွားပြီ”ဟု ဝန်ကြီး အူစ်မာနီ ကိုနေးက သတင်းထောက်များအား ပြောကြားခဲ့သည်။
မာလီနိုင်ငံတွင် အီဘိုလာ နောက်ဆုံးကူးစက်ခံရသည့် လူနာသည် ဒီဇင်ဘာလ အစောပိုင်းက ဆေးရုံ မှ ပြန်ဆင်းသွားခဲ့ပြီး ထို့နောက်ပိုင်းတွင် နောက်ထပ် အီဘိုလာ ကူးစက်မှု လုံးဝမရှိတော့ဟု သိရသည်။
အနောက် အာဖရိကတွင် အီဘိုလာ အဆိုးရွားဆုံး ကူးစက်ပျံ့နှံ့နေသည့် ဂီနီရာ၊ လိုက်ဘေးရီးယားနှင့် ဆီရာလီယွန်တို့တွင်လည်း ရောဂါကူးစက်မှုနှုန်း သိသိသာသာ လျော့နည်း ကျဆင်းလာနေကြောင်း ကုလ သမဂ္ဂ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
လိုက်ဘေးရီးယားတွင် ပြီးခဲ့သည့် သီတင်းပတ် အတွင်းက နှစ်ရက်ဆက်တိုက် ရောဂါကူးစက်မှုအသစ် မဖြစ်ပေါ်ခဲ့ဘဲ ယင်းသည် ဇွန်လနောက်ပိုင်း အခြေအနေ အကောင်းဆုံး ဖြစ်လာသည်။
အနောက်အာဖရိကတွင် ပြီးခဲ့သည့် နှစ်အတွင်းက စတင်ကူးစက် ပျံ့နှံ့ခဲ့သည့် အီဘိုလာ ရောဂါကို ခံစား ခဲ့ရသူ (၂၁၂၉၆)ဦး ရှိခဲ့ပြီး သေဆုံးသူ အရေအတွက် (၈၄၂၉)ဦး ရှိခဲ့ကြောင်းလည်း သိရှိရသည်။
7day

မှတ်ချက်များ