စက္ကဗျူဟာပင်မသိုင်းရဲ့ သိဒ္ဓိစွမ်းအင်ကို ပထမဆုံး ပြသပြီ
မြန်မာ့သိုင်းပညာရပ်တွေထဲမှာ တစ်မျိုးအပါအဝင်ဖြစ်ပြီး ကိုယ်ခံပညာနဲ့မတူဘဲ ကာယပိုင်းအပြင် သီလ၊ သမာဓိ၊ ပညာတို့နဲ့ပြည့်စုံရမှာဖြစ်သလို ငါးပါးသီလလုံမှ လေ့ကျင့်လို့ရတဲ့ စက္ကဗျူဟာ ပင်မသိုင်းပညာကို ဇန်နဝါရီ ၁၈ရက်နေ့က သိဒ္ဓိစွမ်းအင်နဲ့ ကာယစွမ်းအားကျင့်စဉ်ခေါင်းစဉ်နဲ့ ရန်ကုန်မှာ ပြသခဲ့ပါတယ်။
မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်က ဦးဆောင်ကျင်းပတဲ့ ဒီပြပွဲမှာ ပညာရပ် ၄၅မျိုးကို ကစားသမား ၃၂ယောက်က ပါဝင်ပြသခဲ့ပြီး ကာယစိတ်ဓာတ် သိဒ္ဓိစွမ်းအား ကျင့်စဉ်အဖွဲ့ကို အစိုးရက အသိအမှတ်ပြုမယ်ဆိုရင် တစ်သီး ပုဂ္ဂလအဖွဲ့ချုပ်အဖြစ် ထူထောင်ချင်ပြီး ပညာရပ်တိုးပွားအောင်လုပ်ပြီး ကမ္ဘာကို ထိုးဖောက်ချင်တယ်လို့ ဦးခင်စိုးက ပြောပါတယ်။
၁၉၈၆မှာ စတင်ပေါ်ပေါက်ခဲ့တဲ့ ဒီ စက္ကဗျူဟာပင်မသိုင်းပညာကို ပြန့်ပွားဖို့ အခုတော့ ပထမဆုံး အစပြုလိုက် တာဖြစ်ပြီး သိုင်းစည်းကမ်းချက် ၁၃ချက်နဲ့ ရည်ရွယ်ချက် ၇ချက်ကို လိုက်နာမယ်ဆိုရင် ကမ္ဘာကို ထိုးဖောက်
နိုင်တယ်လို့ ဆိုပါတယ်။ စက္ကဗျူဟာပင်မသိုင်းဟာ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှ လေ့ကျင့်လို့ရတာ
ဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံ့ဂုဏ်ဆောင်ပြီး အမျိုးဘာသာသာသနာကို ထိန်းသိမ်းချင်လို့ လာရောက်ပြသတဲ့ သိုင်းသမားတစ်
ယောက်ဖြစ်တဲ့ မမိုးမိုးအောင်က ပျောက်ကွယ်နေတဲ့ ဒီအတတ်ပညာနဲ့ ကာယသိဒ္ဓိကို ပြန်လည်တူးဖော် ချင်ပြီး မြန်မာ့နည်းမြန်မာ့ဟန်နဲ့ မြန်မာ့အစွမ်းသတ္တိကို ကမ္ဘာကိုပြချင်တယ်လို့ ဆိုပါတယ်။ သူ့ကတော့ လေ့ ကျင့်တဲ့ကာလ ၁၅နှစ်ရှိပြီး ဆက်ပြီးကြိုးစားရဦးမယ်လို့ ပြောပါတယ်။
kamayutmedia

မှတ်ချက်များ