ယန်ဇီမြစ်အတွင်း လှေနစ်မြုပ်မှု ဖြစ်ပွားပြီး လူ(၂၀)ကျော် ပျောက်ဆုံးနေ
တရုတ်နိုင်ငံ၊ ယန်ဇီမြစ်ထဲတွင် လှေတိမ်းမှောက်မှု တစ်ခုဖြစ်ပွားရာ လူ(၂၀)ကျော် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၁၅ ရက်က တရုတ်အရှေ့ပိုင်း ဂျင်းဆုဒေသရှိ ယန်ဇီမြစ်ကြီးအတွင်း စမ်းသပ်အဆင့် ခုတ်မောင်း
နေသည့် စက်တပ်ရေယာဉ် တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေပေါ်တွင် လှေ ပိုင်ရှင်၊ နိုင်ငံ
ခြားသားအချို့နှင့် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူအချို့ လိုက်ပါသွားခဲ့ကြသည်။
လှေပေါ်တွင် လူ(၂၄)ဦး၊ သို့မဟုတ် (၂၅)ဦးမျှ ပါရှိသွားပြီး လတ်တလောတွင် လူ(၂၀)ကျော် ပျောက်ဆုံး
နေကြောင်း ဇန်နဝါရီ ၁၆ ရက်၌ ကယ်ဆယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။ လှေတိမ်းမှောက်စဉ် လူ(၃)ဦးကိုမူ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ လှေပေါ် ပါသွားသူ အချို့သည် မတော်တဆမှု ဖြစ်ပွားစဉ်
လှေဝမ်းထဲ၌ ပိတ်မိနေခဲ့ခြင်း ဖြစ်နိုင်ကြောင်းလည်း ကယ်ဆယ်ရေး အဖွဲ့များက ယုံကြည်နေသည်။
သတင်းများ၏ အဆိုအရ စင်ကာပူ၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံသားများ အပါအဝင် နိုင်ငံခြားသား (၇)ဦး၊ သို့မ ဟုတ် (၈)ဦးခန့် လှေထဲတွင် လိုက်ပါခဲ့ကြောင်း သိရှိရသည်။
Xinhua သတင်းဌာနက အစိတ်အပိုင်း အတော်များများ နစ်မြုပ်ပြီး ပြောင်းပြန်လန်နေသည့် လှေ၏ပုံကို ပြ သထားပြီး လတ်တလောတွင် ကယ်ဆယ်ရေးများက လှေကို ရေမျက်နှာပြင်ပေါ် ဆွဲတင်နိုင်ရန် ကြိုးပမ်း
နေကြောင်း ဖော်ပြခဲ့သည်။ သို့သော်လည်း ရေစီးသန်မှုနှင့် ရာသီဥတု အလွန်အမင်း အေးခဲနေမှုက ကယ် ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ၊ အနှောင့်အယှက်များ တွေ့ကြုံနေစေကြောင်းလည်း Xinhuaက ဆိုသည်။
လတ်တလောတွင် လှေတိမ်းမှောက်ပြီး လိုက်ပါလာသူ အများအပြား ပျောက်ဆုံးနေသည့် အဆိုပါ မြစ်ဧရိ ယာအနီးတွင် ရေယာဉ် (၂၃)စီးထက်မနည်း ဖြန့်ကျက်ကာ ရှာဖွေမှုများ လုပ်ဆောင်နေကြောင်းလည်း သ တင်းရရှိသည်။
7day

မှတ်ချက်များ