ကမ္ဘောဇဘဏ်က တိုင်ပေဘဏ်မှ ကန်ဒေါ်လာ သန်း ၈၀ ချေးငွေယူပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ထုတ်ချေးမည်
တိုင်ပေအခြေစိုက်ဘဏ်တစ်ခုဖြစ်သော Cathay United Bank (CUB)သည် ကမ္ဘောဇ ဘဏ်အား အမေရိ ကန်ဒေါ်လာ သန်း ၈၀ ထုတ်ချေးရန်သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း သတင်းရရှိသည်။
ကမ္ဘောဇဘဏ်သည် CUB မှ ချေးယူသော ကန်ဒေါ်လာ သန်း ၈၀ ကို ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ အား ပြန်လည်ချေးပေးမည်ဖြစ်ပြီး ဆောက်လုပ်ရေးပိုင်း နှင့် နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အဓိကထားချေး ပေးမည်ဟု ကမ္ဘောဇဘဏ်အကြီးတန်းအရာရှိတစ်ဦးကပြောသည်။
‘‘နိုင်ငံရဲ့စီးပွားရေး တိုးတက်မှုက အရမ်းမြန်တယ်။ လိုအပ်ချက်လည်း အရမ်းများတယ်။ ဆောက်လုပ်ရေး ပိုင်းတွေ၊ ဆက်သွယ်ရေးကွန်ရက်တိုးချဲ့မှုအပိုင်းတွေ စသဖြင့်ပေါ့။ အဲဒါတွေ မြန်မြန်ဆန်ဆန် ဆောင်ရွက်
နိုင် အောင် ဒီချေးငွေက အထောက်အကူဖြစ်ပါလိမ့်မယ်’’ဟု အထက်ပါ အကြီးတန်းအရာရှိက ဆိုသည်။
ကမ္ဘောဇဘဏ် အနေဖြင့် ပြည်ပဘဏ်တစ်ခုထံမှ ချေးငွေရယူခြင်းမှာ ပထမအကြိမ်ဖြစ်ပြီး ပြည်တွင်း၌ ဘဏ်ချေးငွေလိုသလောက်မရသည့်ပြဿနာကို ဖြေရှင်းသွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
ကမ္ဘောဇဘဏ်နှင့် CUB တို့သည် ဇန်နဝါရီ ၁၃ ရက်က ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် နားလည်မှုသ
ဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၈၀ ကို မည်သည့်အ ချိန် ကာလအထိ ချေးယူခွင့်ရရှိမည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း နှစ်လတ်စာချုပ်သက်တမ်း
ဖြစ်ကြောင်း ကမ္ဘောဇဘဏ် အကြံပေး ဦးသန်းလွင်က ပြောသည်။
‘‘ဘဏ်အနေနဲ့ အသေးစိတ် ဆွေးနွေးမှု မပြုလုပ်ရသေးလို့ ဘယ်အပိုင်းတွေမှာ အများဆုံး ချေးပေးမလဲဆို တာ မပြောနိုင်သေးဘူး။ လုပ်ငန်းရှင်လေးတွေအတွက် အကျိုးရှိစေမှာပါ။ အသေးစား၊အလတ်စားစီးပွားရေး
လုပ်ငန်းတွေအတွက်လည်း ရည်ရွယ်ပါတယ်’’ဟု ဦးသန်းလွင်က ပြောသည်။
ထက်အာကာ | 7day

မှတ်ချက်များ