တရုတ်နိုင်ငံတွင် ဖောက်ခွဲရေး ပစ္စည်းများဖြင့် ရန်လိုသူ ၆ဦးကို ရဲတပ်ဖွဲ့က ပစ်သတ်
တရုတ်နိုင်ငံ အနောက်ပိုင်းရှိ မွတ်စလင်အများစု နေထိုင်ရာ စင်ဂျန်းဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှု
ဖြိုခွင်းရေး လုပ်ဆောင်လျက်ရှိ နေရာ ယနေ့(ဇန်န၀ါရီ ၁၂ရက်)တွင် ရန်လိုတိုက်ခိုက်သူကို ၆ဦးကို ရဲတပ်ဖွဲ့ က ပစ်သတ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာန က ဖော်ပြသည်။
စင်ဂျန်းပြည်နယ်မှ အစိုးရ သတင်းဌာန တခုဖြစ်သည့် တီယန်ရှန်း သတင်း ၀က်ဘ်ဆိုဒ်၏ ရေးသားချက်အရ ယင်းပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ထိခိုက်မှုမရှိပေ။ အဆိုပါ ပစ်ခတ်မှုသည် ရှေးဟောင်း ပိုးလမ်းမကြီးအနီးရှိ ရှုးလ်စီရင်စုမှ ဒေသခံပြည်သူများက ဖောက်ခွဲရေးပစ္စည်းများကိုင်ဆောင်လာသည့် သံသယရှိရသူတဦးကိုတွေ့ရှိခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု တီယန်ရှန်း က ဖော်ပြသည်။ ယင်းနောက် ဒေ သခံများက ရဲတပ်ဖွဲ့သို့သတင်းပေးခဲ့သည်။ ၎င်းက ရဲသားတဦးကို ရဲတင်းဖြင့် စတင်တိုက်ခိုက်ရန်ကြိုးပမ်း သဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း သတင်းဖော်ပြချက်အရ သိရသည်။
အဆိုပါတိုက်ခိုက်သူ သေဆုံးခဲ့ပြီးမကြာမီ နောက်ထပ် ၅ ဦးရောက်ရှိလာပြီး ပေါက်ကွဲစေသည့်ပစ္စည်းများကို တခုပြီးတခု ဆက်တိုက် ဖောက်ခွဲခဲ့ကြကြောင်း တီယန်ရှန်း က သတင်းဖော်ပြသည်။ ၎င်းတို့ ၅ဦးစလုံးကို လည်း ရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။
စင်ဂျန်းသည် တရုတ်နိုင်ငံအတွင်း မွတ်စလင်လူဦးရေအထူထပ်ဆုံး ပြည်နယ်ဖြစ်ပြီး တူရကီစကားပြော မွတ်စလင် ၉ သန်းခန့် နေထိုင်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီသည် ၎င်းဒေသအ တွင်း ၀င်ထွက်သွားလာမှု တင်းကျပ်စွာကန့်သတ်ထားသဖြင့် လွတ်လပ်စွာသတင်းရယူရန် အခက်အခဲရှိ သည်။ သဘာဝသယံဇာတကြွယ်ဝသည့် စင်ဂျန်းပြည်နယ်တွင် အကြမ်းဖက်မှုများ လွန်ခဲ့သည့်နှစ်များအ တွင်း ပိုမိုပြင်ထန်လာနေပြီး ဆက်တိုက်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ၂၀၀ ဦး အနည်းဆုံးသေဆုံးခဲ့ ရကြောင်း သိရသည်။
ဘေကျင်းအစိုးရက စင်ဂျန်းပြည်နယ်တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည် ဘာသာရေးအစွန်းရောက် ၀ါဒီများ၊ ခွဲထွက်ရေးသမားများ၊ အကြမ်းဖက်သမားများကြောင့်ဟု အပြစ်ပုံလေ့ရှိပြီး မကြာမီလများအတွင်း အပြင်းအထန်နှိမ်းနင်းမှုများပြုလုပ်နေရာ ရာချီဖမ်းဆီးထိန်းသိမ်းခံရ၍ ဇွန်လမှစ၍ သေဒဏ်ပေးခံရသူ များနှင့် သေဒဏ်ချမှတ်ခံရသူ ၅၀ဦးခန့် ရှိကြောင်း သိရသည်။
ဝီးဂါးလူနည်းစုတို့အပေါ် ရဲတပ်ဖွဲ့၏ကိုင်တွယ်ပုံနှင့်ပတ်သက်၍ လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုမှုများ ရှိနေပြီး ဘာသာရေးထုံးတမ်းအရ ၀တ်ဆင်မှုများကို တရုတ်အစိုးရက တားမြစ်ဟန့်တားသည့်အတွက် အကြမ်းဖက်မှုများ ဖြစ်ပေါ်ရလေ့ရှိသည်။ အဆိုပါစွပ်စွဲချက်များကို တရုတ်အစိုးရက ငြင်းဆိုထားပြီး ဗဟိုအာ ရှနှင့် နယ်နမိတ်ချင်းထိစပ်နေ၍ ကုန်းတွင်းပိုင်းဖြစ်သော စင်ဂျန်းပြည်နယ်သည် စီပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် ခေတ်နှင့်အညီ ပြုပြင်ပြောင်းလဲရန်လိုသည်ဟု ပြောသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ