ဇနီးဖြစ်သူ ထွက်သွားသည့် နေရာအား မပြောပြသည့် ယောက္ခမများကို ဓါးဖြင့်ခုတ်ပြီး နေအိမ်မီးရှို့သူအား အရေးယူထား
၂၀၁၅ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ မြိုင်မြို့နယ်၊ ကံကြီးတော
ကျေးရွာနေ တင်ထွန်းအောင်(၃၅)နှစ်သည် အရက်မူးပြီး နေအိမ်ခြံဝင်းတစ်ဝင်း တည်းနေ ယောက္ခမများဖြစ် သည့် ဦးစံထွေး(၇၁)နှစ်နှင့် ဒေါ်သိန်းရင်(၇၁)နှစ်တို့၏ နေအိမ်သို့ရောက်ရှိကာ လွန်ခဲ့သော ၄ လခန့်က သမီးဖြစ်သူကိုခေါ်ဆောင်ကာ နေအိမ်မှထွက်သွားသော ၎င်း၏ဇနီး မခင်ဌေးဝင်း နေထိုင်သည့်နေရာအား
မေးမြန်းရာ မပြောပြသောကြောင့် အရိုးအသွား(၂)ပေခန့်ရှိ ဓါးရှည်ဖြင့်ခုတ်ရာ ဒေါ်သန်းရင်တွင် ၀ဲဘက်ပုခုံး
ပြတ်ရှဒဏ်ရာ၊ လည်ပင်းဝဲဘက်ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဦးစံထွေး၌ ဦးခေါင်းဝဲဘက်ချို
စောင်းပြတ် ရှဒဏ်ရာ၊ ၀ဲဘက်ပါးအရေခွံပဲ့ကျ၊ ၀ဲလက်ညိုးနှင့်လက်ခလယ်ပြတ် ဒဏ်ရာများ ရရှိခဲ့သည်။
ထို့နောက် တင်ထွန်းအောင်မှ ဦးစံထွေးတို့၏(၃x၂)ပင် ထန်းလက်မိုး၊ ထန်းလက်ကာ၊ မြေစိုက်တဲကိုမီးရှို့ခဲ့ ရာ ရွာသူ/သားများ၏ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် မီးငြိမ်းသွားခဲ့၍ ဦးစံထွေး၏ သမက်ဖြစ်သူ ဦးအောင်ပိုင် မှ အရေးယူပေးရန်တိုင်တန်းသဖြင့် တင်ထွန်းအောင်အား မြိုင်မြို့မရဲစခန်း (ပ)၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂/ ၃၂၆/၄၃၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်

မှတ်ချက်များ