သိင်္ဂီထွန်းရှင်းတဲ့ ရင်ရှုပ်တဲ့ ရုပ်ရှင်အကယ်ဒမီ

မြန်မာ့ရုပ်ရှင်အစည်းအရုံးက ပထမဆုံး ဦးဆောင်ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲဟာ ဒီဇင်ဘာ ၂၇က ပြီးဆုံး ခဲ့ပေမယ့် အကယ်ဒမီဆုပေးတဲ့ကိစ္စ အခုထိ ဂယက်တွေ ရိုက်ခတ်နေဆဲပါပဲ။ အထူးသဖြင့် အကယ်ဒမီပေး တဲ့ညမှာပဲ ဇာတ်ပို့ဆုရမယ်လို့ ထင်ကြေးပေးခံခဲ့ရတဲ့ သိင်္ဂီထွန်းကတရားမျှတမှု မရှိဘူးလို့ Facebookစာ မျက်နှာမှာ ဖော်ပြခဲ့တဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲလုပ်ရတဲ့အထိ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။

သူကိုယ်တိုင် အကယ်ဒမီမရလို့ တရားမျှတမှုမရှိဘူးလို့ ဝေဖန်တာမဟုတ်ဘဲ ရုပ်ရှင်အစည်းအရုံးအနေနဲ့ အကယ်ဒမီကိစ္စ မတရားလုပ်တာတွေကို ဖော်ထုတ်ချင်လို့ပါလို့ ဇန်နဝါရီ ၁ဝရက်နေ့က Orchid Hotel မှာ
ပြောဆိုခဲ့ပါတယ်။ စုန်းပြူးဇာတ်ကားနဲ့ ဇာတ်ပို့ဆုရမယ်လို့ တစ်ပြေးခဲ့ပြီး ခိုင်သင်းကြည်ကို ပြောင်းလဲစာရင်း သွင်းခဲ့တာ ဥက္ကဌဦးလူမင်းကိုယ်တိုင် ဒီလိုလုပ်ခွင့်ရှိတယ်လို့ ပြောဆိုခဲ့သလို၊ အကယ်ဒမီမပေးခင် ဆုစာ ရင်းကလည်း ကြိုတင်ထွက်လာတာဟာ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အမျိုးသမီးဆီကဖြစ်တဲ့အ
ကြောင်း၊ ရွှေကြိုရွေးချယ်မှုမှာလည်းမသမာမှုတွေ ရှိတယ်လို့ သိင်္ဂီထွန်းက ပြောပါတယ်။

ဥက္ကဌ ဦးလူမင်းက သဘောကောင်းပေမယ့် သူ့လက်အောက်ကလူတွေနဲ့ အပေါင်းအပါတွေက မတရား မှုတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ သူ Facebookတင်ခဲ့တဲ့ Post ကိစ္စ အထင်မှားမှာစိုးလို့ ရှင်းပြမှာဖြစ်မယ် ဆိုပြီး အခုလို လုပ်တာလို့ သိင်္ဂီထွန်းက ဆိုပါတယ်။ ဇာတ်ကားရိုက်ကတည်းက ဇာတ်ဆောင်တစ်ယောက် ရဲ့ဈေးကိုယူပြီး ဇာတ်ဆောင်တစ်ယောက်ရဲ့ ဇာတ်ရုပ်ကို ရိုက်ခဲ့ရာက အကယ်ဒမီဆုအတွက် ဇာတ်ပို့အ
ဖြစ်ပြောင်းခံရမယ်ဆိုရင်လည်း နစ်နာတယ်လို့ ဆိုပါတယ်။ ရွေးချယ်တဲ့ အကဲဖြတ်ပညာရှင်တွေ တရားမျှတ ချင်ပေမယ့် ကြိုးဆွဲချင်သူတွေရှိနေတယ်လို့ ပြောပါတယ်။

ပညာရှင်တွေကျင်းပတဲ့ပွဲဖြစ်လို့ အကယ်ဒမီဟာ ပညာကိုပဲကြည့်ပြီး မှန်မှန်ကန်ကန်ပေးမယ်လို့ မျှော်လင့်မိ
ပေမယ့် အကယ်ဒမီမပေးခင် ထွက်လာတဲ့စာရင်းအတိုင်းဖြစ်နေလို့ ယုံကြည်မှုတွေ သဲထဲရေသွန် ဖြစ်ခဲ့ရ တဲ့အကြောင်း၊ အမှန်တရားအတွက် အမုန်းခံပြီး ဖော်ထုတ်ကြပါလို့ ပြောချင်တဲ့အကြောင်း သိင်္ဂီထွန်း က ဆိုပါတယ်။



kamayutmedia


မှတ်ချက်များ