![]() |
| အရည်ကျိုမည့်ကားများကိုတွေ့ရစဉ်-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) |
ထုတ်ပြန်သည်။
‘‘မူလကတော့ ၂၀၁၄ စလစ် ကို ကားပါကင် မလိုဘူးလို့ ထုတ် ပြန်ထားတာပါ။ အဲဒါကို ထပ်တိုး ထုတ်ပြန် ချက်အနေနဲ့ ၂၀၁၄ စလစ်ဖြစ်ဖြစ်၊ ၂၀၁၅ စလစ်ဖြစ် ဖြစ် ဘယ်စလစ်မဆို ကားပါကင် ထောက်ခံချက် မလို အပ်တော့ ပါဘူး’’ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန နေ ပြည်တော်မှ ဒုညွှန်ကြားရေးမှူး တစ်ဦးက ပြောသည်။
သို့သော် ဖရီးပါမစ်ဖြင့် တစ် နိုင်တစ်ပိုင် တင်သွင်းသူများမှာမူ ရန်ကုန်အတွက် တင်သွင်းမည်ဆို ပါကကား ပါကင်ထောက်ခံချက် လိုအပ်မည် ဖြစ်သည်။
ကားတင်သွင်းခွင့် မူဝါဒနှင့် ပတ်သက်၍ အစိုးရက ၁၇ ရက် အတွင်း မူဝါဒ ခုနစ်နှစ်ကြိမ်ထွက် ပေါ်လာကာ အချို့အချက်အ လက်များကိုလည်း ပုံစံအမျိုးမျိုး ဖြင့် ပြောင်းလဲခဲ့သည်။
ဇန်န၀ါရီ ၈ ရက်အထိ သတင်းများအရ ၂၀၁၄ စလစ် ကားများသာ ကားပါကင်မလို အပ်ကြောင်း ထုတ်ပြန် ထားရာမှ ဇန်န၀ါရီ ၉ ရက်တွင် မည်သည့် အပ်ကားမဆို စလစ်ဖြင့် တင် သွင်းလာပါက ကားပါကင်မလို အပ်တော့ဟု ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
စလစ်ဖြင့် တင်သွင်းသည့် ကားများမှာ ယာဉ်အို ယာဉ် ဟောင်းအပ်နှံရာမှ ပြန်လည်တင် သွင်းခြင်းဖြစ်၍ မူ လက ကား ထားရန် နေရာရှိခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ပုံစံ(ဃ) နေရပ်လိပ်စာရှိပါက ကား ပါကင် ထောက်ခံချက်မလိုဘဲ တင်သွင်းခွင့်ရရှိမည်ဟု ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။‘‘အစည်း အဝေးတွေ ထိုင်တယ်။ လုပ်ငန်းရှင်တွေဘက်က တောင်းဆိုတာတွေ ပြောတာ၊ ဆိုတာတွေနဲ့ ပြန်လည် ညှိနှိုင်းပြီး မကြာခဏ အတိုးအလျှော့တွေ လုပ်နေရတာ’’ဟု မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီး ကြပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မိုးညို | 7day

မှတ်ချက်များ