၂၀၁၄ တွင် ဟိုတယ်စီမံကိန်းများမှ အလုပ်အကိုင် ရှစ်သိန်းခုနစ်သောင်းကျော် ရှာဖွေပေးနိုင်ခဲ့ဟုဆို

မြန်မာ့ခရီးသွားလုပ်ငန်း ၌ ပြည်ပနိုင်ငံများက အမေရိကန်ဒေါ်လာ သန်း ၂,၅၀၀ ကျော်အထိ ဟိုတယ်စီမံ ကိန်းများတွင်ရင်းနှီးမြှုပ်နှံထားရာ စုစုပေါင်း အလုပ်အကိုင်၏ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ အလုပ်အကိုင်ရှာ
 ဖွေပေးနိုင်ခဲ့သည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာနမှ သတင်းရရှိသည်။၂၀၁၃ တွင်ခရီးသွားလုပ်ငန်းမှ အလုပ် အကိုင် ရှစ်သိန်းနှစ်သောင်းကျော် ရှာဖွေပေးနိုင်ခဲ့ပြီး ၂၀၁၄ တွင်အလုပ်အကိုင် ရှစ်သိန်းခုနစ်သောင်းကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း World Travel and Tourism Council စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၁၁ မှ ၂၀၁၄အထိ မြန်မာ ခရီးသွားလုပ်ငန်းတွင် ပြည်ပနိုင်ငံ ကိုးနိုင်ငံက ရင်းနှီးမြှုပ်နှံထားပြီး စင်ကာပူ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ များက ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်သည်။

‘‘အလုပ်အကိုင်အခွင့်အလမ်း များလာတာမှန်တယ်။ ဒါပေမဲ့ ဟိုတယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်လုပ်သား
တွေလိုအပ်နေသေးတယ်’’ဟု ခရီးသွားလုပ်ငန်းလုပ် ကိုင်သူတစ်ဦးကသုံးသပ်သည်။

ပြည်တွင်းလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုတွင်လည်း ဟိုတယ် လုပ်ငန်းမှာ အများဆုံးဖြစ်ပြီး ၂၀၁၄ တစ်နှစ်လုံး တွင် မန္တလေးတိုင်းဒေသကြီး၌ အများဆုံးရင်းနှီးမြှုပ်နှံကာ ဒုတိယအများဆုံးမှာ ရန်ကုန်တွင်ဖြစ်သည်။

မန္တလေးတွင် ဟိုတယ်လုပ် ငန်း လုပ်ကိုင်သူ များလာသော ကြောင့် ယခုခရီးသွား ရာသီ၌ ဟိုတယ် များ အပြိုင်အဆိုင်ဖြစ်လာပြီး အချို့ဟိုတယ်အသေးများ အရှုံးပေါ်နေသည်ဟု မန္တလေးမှ ဟိုတယ်လုပ်ငန်းကျွမ်း ကျင်သူ တစ်ဦးကပြောသည်။ ၂၀၁၄ တွင်ဝင်ပေါက်အသီးသီးမှ နိုင်ငံခြားသား ဧည့်သည် အဝင်မှာ သုံးသန်း
ကျော်ရှိခဲ့ပြီး ဝန်ကြီးဌာန၏ ရည်မှန်းချက်ကို ပြည့်မီခဲ့သည်။

ခန့်ထက် | 7day




မှတ်ချက်များ