တောင်ကြီးနဲ့ လားရှိုးမှာ ဆက်ပြမယ့် ‘‘ဘယ်လိုအချစ်မျိုးလဲ’’


ဘယ်လိုအချစ်မျိုးလဲ ဇာတ်ကားကို ရန်ကုန်မြို့တွင် ရုံတင်ပြသပြီး ပါက တောင်ကြီးနှင့် လားရှိုးမြို့ များ၌
ပြသပေးသွားမည်ဖြစ် ကြောင်း Myanmar Media 7 ကုမ္ပဏီဥက္ကဋ္ဌ ကိုဝေမင်းမောင်က ပြောသည်။

‘‘ရန်ကုန်မှာ ၈ ရက်နေ့အထိ ရုံတင်မယ်။ ၉ ရက်နေ့ကစပြီး တောင်ကြီးနဲ့ လားရှိုးမှာပြမယ်။ မကွေးနဲ့ မြိတ် မှာလည်း ပြဖို့ ညှိ နေတယ်’’ဟု ၎င်းကပြောသည်။

အဆိုပါရုပ်ရှင်ဇာတ်ကားကို ရန်ကုန်မြို့၌ ဇန်န၀ါရီ ၂ ရက်တွင် စတင်ရုံတင်ပြသခဲ့ခြင်းဖြစ်ပြီး ပရိသတ်များ စိတ်ဝင်တစားလာ ရောက်ကြည့်ရှုကြကြောင်း ၎င်းက ဆိုသည်။

Junction Square၊ တာမွေ Mega Ace Cineplex နှင့် သာကေတမြရတနာရုပ်ရှင်ရုံများတွင် ရုံတင်ပြသနေ
ခြင်းဖြစ်ပြီး ဇန်န၀ါရီ၎ ရက်က ယင်းရုပ်ရှင်ရုံများ၌ အဆိုပါရုပ်ရှင်ကားတွင် ပါဝင်သရုပ် ဆောင်သူများက ပရိ သတ်များနှင့် တွေ့ဆုံခဲ့ကြသည်။

‘‘ဘယ်လိုအချစ်မျိုးလဲ’’ ဇာတ်ကားသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးနှင့် တက် တူးထိုးသော ထိုင်းမလေးတို့၏ အချစ်ဇာတ်လမ်းကိုရိုက်ကူးထားခြင်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားလေး Dan အဖြစ် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသော မွန်-ကချင်တိုင်းရင်းသား အောင်နိုင်စိုးက အဓိက သရုပ်
ဆောင်ထားသည်။

ဇွဲဉာဏ် | 7day




မှတ်ချက်များ