ဂျပန်တွင် အင်ဂျင်နီယာပါရဂူဘွဲ့တက်ရောက်ရန် နည်းပညာတက္ကသိုလ်မှ ဆရာ ၁၂ဦး ထပ်မံစေလွှတ်မည်

ဂျပန်နိုင်ငံတွင် အင်ဂျင်နီယာပါရဂူ ဘွဲ့(Ph.D)တက်ရောက်ရန် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဆရာ၊ဆရာ မ ၁၂ဦးကို မတ်လကုန်တွင်ဂျပန်နိုင်ငံသို့ ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်းရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအေးမြင့်ကပြောသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာ နနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)တို့ လက်မှတ်ရေးထိုးထား သည့် MoUအရ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဆရာ၊ ဆရာမ ၂၀ ဦး ကို ဂျပန်နိုင် ငံတွင် အင်ဂျင်နီယာ ပါရဂူဘွဲ့(Ph.D)တက်ရောက်ရ မည့် အစီအစဉ်အရ ၂၀၁၄ဒီဇင် ဘာအတွင်း ဆရာ၊ဆ ရာမရှစ်ဦးကို စေလွှတ်ခဲ့ပြီးနောက် ယခု နှစ်မတ်လကုန်တွင် ထပ်မံစေလွှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းပြောသည်။

ဇော်မျိုးလှိုင် | 7day

မှတ်ချက်များ