ကျင်ငယ်ရေ ပါတဲ့ အရက်အတု ထုတ်လုပ်ရောင်းချသူကို တရားစွဲ
အင်္ဂလန် နိုင်ငံ ဘလက်ပူးမြို့မှာ လူသားတွေရဲ့ ကျင်ငယ် ရေတွေပါဝင်တဲ့ အရက်အတုများ ကို ထုတ် လုပ်ရောင်းချနေတယ်လို့ သိရပါတယ်။
အဆိုပါ အရက်သေစာအတုများကို ထုတ်လုပ်ရောင်းချနေမှုဟာ ပြည် သူတွေရဲ့ ကျန်းမာရေးအန္တရာယ် ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဘလက်ပူးမြို့ရဲ့ သက်ဆိုင် ရာတရားရုံးတော် က ထုတ်ပြန်ခဲ့ပါ တယ်။
လူသားတွေရဲ့ ကျင်ငယ်ရေများ ပါဝင်တဲ့ အရက်အတုများကို ထုတ်လုပ် ရောင်းချနေတဲ့သူကတော့ အင်္ဂ လန်နိုင်ငံ ဘလက်ပူးမြို့မှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် နီကိုလပ်စ်စတီးဝက်ဒ်ဆိုသူဖြစ် ပါတယ်။
သူဟှာာငမညသ်နဲ့ Smirnoff နဲ့ Jack Danielsလို့ အမည်ပေးထားတဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်နဲ့ အ ရက်အတုများကို ထုတ် လုပ်ရောင်းချခဲ့ပြီး ယင်းအရက်သေ စာအတုတို့တွင် လူသားတွေရဲ့ ကျင်ငယ်များ ပါဝင်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဘလက်ပူးကောင်စီရဲ့ အစိုးရ ရှေ့နေဗစ်တိုးရီးယားကက်မဲလ်ဆိုသူက ယင်း လူ သားကျင်ငယ်ရေတွေနဲ့ ပြုလုပ်ထားတဲ့ အရက်များကို သိမ်းဆည်းထားခဲ့ပြီးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပြည်သူတွေရဲ့ကျန်းမာရေး ကို အန္တရာယ်ပြုစေနိုင်တဲ့ လူ့ကျင်ငယ်ရေများပါဝင်တဲ့ အရက်တုများကို ထုတ် လုပ်ရောင်းချခဲ့တဲ့ နီကိုလပ်စ်စတီးဝက်ဒ် ကိုတော့ သက်ဆိုင်ရာက ကုန်ပစ္စည်းအတု ပြုလုပ်မှုနဲ့ တရားစွဲဆို မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Yangon Media Group

မှတ်ချက်များ