Flat တီဗွီကို စကပ်အောက်ထဲ ထည့်ပြီး ခိုးယူသွားတဲ့ အမျိုးသမီး
ကော်စတာရီကာ နိုင်ငံမှာ အမျိုးသမီး တစ်ဦးပာာ မှ Flat တီဗွီကို စကပ်အောက်ထဲ ထည့်ပြီး ခိုးယူသွား တာကြောင့် ဆိုင်ပိုင်ရှင် ရော ရဲဖြစ်သူတွေပါ အံ့အားသင့်ခဲ့ကြ ပါတယ်။အဲဒီအမျိုးသမီးပာာ အလွန်ပိရိပြီး Flat တီဗွီ ခိုးယူသွား တာကို စီစီတီဗွီ လုံခြုံရေး ကင်မရာ ကြည့်ရူပြီးတဲ့ နောက်မှသိ ခွင့်ရခဲ့တာ ဖြစ်ပါ တယ်။ ခိုးယူမူ ဖြစ်စဉ် တစ်ခုလုံးကို ပြုလုပ်ရာမှာ (၁၃) စက္ကန့်သာ ကြာခဲ့ ပါတယ်။
အဲဒီ အမျိုး သမီးပာာ စကပ်ရှည် ၀တ်ဆင် ထားပြီး အီလက်ထရောနစ် အရောင်းဆိုင်ထဲ လှည့်လည် ကြည့် ရှုခဲ့ရင်း ခင်းကျင်း ပြထားတဲ့ Flat တီဗွီကို ရုတ်တရက် ယူလိုက်ကာ စကပ် အောက်ထဲ ဆွဲသွင်း လိုက်ပါ တယ်။ ဒီနောက်ပေါင်နဲ့ ထိန်းပြီး လမ်းလျှောက် ပြန်ထွက်သွား ပါတယ်။ ရုတ်တရက် ကြည့်လိုက်ရင် ဘာမှ မယူသွားတဲ့ ပုံစံမျိုး ပေါက်အောင် ပြုလုပ်သွားတာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆိုင်ရဲ့ တာဝန်ရှိသူ ရာမီရက်ဇ်က အရမ်း အံ့အားသင့်မိကြောင်း၊ Flat တီဗွီကို ယူဆောင် သွားသည်မှာ မယုံကြည် နိုင်စရာ ဖြစ်ကြောင်း၊ မိမိ အနေဖြင့် တစ်ခါမှ မြင်တွေ့ဖူးခြင်း မရှိ
ကြောင်း၊ Flat တီဗွီကို စကပ်အောက်ထဲ ထည့်ပြီး မည်သို့ ယူဆောင် သွားသည်ကို မသိရကြောင်း ဆိုခဲ့ပါတယ်။
ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးကလည်း စီစီတီဗွီ လုံခြုံရေး ကင်မရာ ကြည့်ရှုပြီးနောက် အမျိုးသမီးရဲ့ ပစ္စည်း ခိုးယူ သွားမူကို အံ့အား သင့်ခဲ့ပြီး အကြိမ်ကြိမ် လေ့ကျင့်ထားခြင်း ကြောင့် ဒီလိုမျိုးလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း
၊ (၁၃) စက္ကန့်အတွင်း လုပ်နိုင်ခြင်းမှာ အတွေ့ အကြုံများစွာ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
The Messenger

မှတ်ချက်များ