ပခုက္ကူခရိုင် ဂန့်ဂေါမြို့နယ် ရွာစည်ကျေးရွာနေ ဒေါ်သေးသေး (၆၇ နှစ်) သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၆ နာရီက ၄င်း၏နေအိမ် မီးဖိုဆောင်အတွင်း ဟင်းချက်ရန် ထိုင်နေစဉ် အတူနေသားဖြစ်သူ မောင်ထူး (၃၆ နှစ်)သည် အရက်သေစာ သောက်စား မူးယစ်လာပြီး အဆိုပါ မီးဖိုဆောင်အတွင်းရှိ ထင်း ချောင်းနှင့် မိခင်ဖြစ်သူ၏ ဦးခေါင်းကိုရိုက်ခဲ့သဖြင့် ဒေါ်သေးသေးတွင် ဒဏ်ရာ များရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူအား ဒဏ်ရာများ ရရှိအောင် ပြုလုပ်သူ မောင်ထူးအား အရေးယူ
ပေးရန် ထိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးချာ လီဆွေက တိုင်တန်းခဲ့သောကြောင့် ဂန့်ဂေါမြို့နယ် မြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ကျော်ဇေယျ | Myanmaalinn

မှတ်ချက်များ