ပြည်တွင်း ပုဂ္ဂလိက ဘဏ်တစ်ခုဖြစ်သော ဧရာဝတီ ဘဏ်သည် မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲခြင်းနှင့် မို ဘိုင်းငွေဖြည့်ခြင်းများ ပြုလုပ်နိုင်သည့် mBan-king စနစ် စတင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
mBanking စနစ်ကို လာ မည့် ဇန်န၀ါရီ ၁၉ ရက်တွင် စတင် သုံးစွဲနိုင်မည်ဖြစ်ကြောင်း ဧရာဝတီဘဏ် မန်နေဂျင်းဒါရိုက် တာ ဦးဖြိုးအောင်က ပြောသည်။
‘‘ဒီစနစ်ကို အင်တာနက်ရတဲ့ နေရာအပြင် မရတဲ့နေ ရာတွေမှာ လည်း အသုံးပြုနိုင်မှာ ဖြစ်ပါ တယ်’’ဟု ၎င်း ကဆိုသည်။
အဆိုပါ mBanking ကို အသုံးပြုနိုင်ရန် ဧရာဝတီဘဏ် ၏ iBanking စနစ်အသုံးပြုရန် လို အပ်ကြောင်းနှင့် iBanking ကို နီး စပ်ရာ ဧရာဝတီဘဏ်ခွဲများ တွင် အလွယ်တကူပြုလုပ်နိုင်ကြောင်း အဆိုပါ ဘဏ်၏ အထွေထွေမန် နေဂျာ ဦးမျိုးဝင်းရီက ရှင်းလင်း သည်။
‘‘အင်တာနက်သုံးလို့ မရတဲ့ နေရာတွေမှာ SMS မက်ဆေ့ခ်ျ ပေးပို့ရုံနဲ့ ငွေလွှဲခြင်းနဲ့ ဖုန်းဘီလ်ဖြည့်ခြင်းတွေ ကို အချိန်မရွေး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။
ဧရာဝတီဘဏ် အနေဖြင့် ယခုမိတ်ဆက်လိုက်သည့် m-Banking အပြင် လာမည့်ခြောက်လ၀န်းကျင်တွင်
ကျေးလက်ဒေသများတွင် ကိုယ်စား လှယ်များမှတစ်ဆင့် ငွေသွင်း၊ ငွေထုတ်ပြုလုပ်နိုင်မည့် စနစ်တစ်ခုကို ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဘဏ်၏ mBan-king စနစ်အက်ပလီကေးရှင်းကို Android နှင့် iOS နှစ်မျိုးစလုံးအတွက် ထုတ် လုပ်ထားပြီးမြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုး ထည့်သွင်းထားသည်။
လက်ရှိတွင် ပြည်တွင်း၌ အင်တာနက် (သို့မဟုတ်) မိုဘိုင်း ဖုန်းမှတစ်ဆင့် ဘဏ်လုပ်ငန်းများ ကို အင်းဝ ဘဏ်၊ အာရှစိမ်းလန်း ဖွံ့ဖြိုးမှုဘဏ်(AGD)၊ သမ၀ါယမ ဘဏ်(CB Bank) တို့မှလည်း အဆိုပါ ၀န်ဆောင် မှုပေးနေသည်။
ထက်အာကာ | 7day

မှတ်ချက်များ