သောက်သုံးရန်မသင့်သော ရေသန့်တံဆိပ်များ ရက်ပိုင်းအတွင်း ထုတ်ပြန်မည်
သောက်သုံးရန် မသင့်သော ရေသန့်အမျိုးအစားများကို ကုမ္ပဏီတံဆိပ်နှင့်တကွ ရက်ပိုင်းအတွင်း ထုတ်ပြန် သွားမည်ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှ သတင်းရရှိသည်။
မကြာသေးမီက ဆေးဘက်ဆိုင်ရာသုတေသနတစ်ခုတွင် ဖော်ပြထားသော သောက်သုံးရန် မသင့်သည့်
ရေသန့်တံဆိပ် ၂၂ မျိုးကို FDA က ကုမ္ပဏီတံဆိပ်နှင့်တကွ ဖော်ပြရန် ငြင်းဆန်ခဲ့ပြီး အဆိုပါသုတေသနမှာ လည်း တရားဝင်မဟုတ်ကြောင်း ရှင်းလင်းခဲ့သည်။
‘‘ကုမ္ပဏီနာမည်တွေကို ထုတ်မပြောနိုင်ဘူးဆိုတုန်းကလည်း သုတေသနအဆင့်မှာပဲရှိသေးတော့ သုတေ သနကျင့်ဝတ်အရ ထုတ်ပြောလို့မရတာပါ။ အခုစစ်ဆေးရသမျှတွေကို ထုတ်ပြန်ပေးသွားမယ်’’ဟု FDA မှ ညွှန် ကြားရေးမှူးဒေါက်တာထွန်းဇော်က ပြောသည်။ စားသောက်ကုန်နှင့် ရေသန့်မှန်သမျှကို ကိုယ်တိုင် စစ်ဆေးပြီး အန္တရာယ်ရှိပါက တံဆိပ်၊ ကုမ္ပဏီနာမည်နှင့် ထုတ်ပြောပေးနေကျဖြစ်ပြီး ယခုရက်ပိုင်းအတွင်း က စစ်ဆေးတွေ့ရှိထားသော သောက်သုံးရန်မသင့်သည့် ရေသန့်များကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်
ပြန်ပေးသွားမည် ဟု ၎င်းကပြောသည်။
ဟိန်းသာ | 7day

မှတ်ချက်များ