ပြည်မြို့တွင် တောင်ပြိုကျမှုကြောင့် ၁ ဦး သေဆုံး






သတင်းဓာတ်ပုံ – မင်းညို
ပဲခူးတိုင်း၊ ပြည်မြို့က မြေကြီးသယ်ယူနေမှုတွေ ပြုလုပ်တဲ့နေရာမှာ တောင်ပြိုပြီး မြေပိမိတဲ့အတွက် စက်
မောင်းသမားတဦး သေဆုံးခဲ့ပါတယ်။

ဇန်န၀ါရီ ၁၀ ရက်နေ့ မနက် ၁၁ နာရီလောက်က၊ ပြည်မြို့ စင်္ကြန်တောင် တောရဖုန်းတော်ကြီး စာသင်
ကျောင်းဘေးက တောင်ကို ဖြိုရင်း ရုတ်တရက်တောင်ပြိုကျခဲ့တာပါ။

တောင်ပြိုကျမှုကြောင့် မြေဖြိုနေတဲ့ စက်မောင်းသမား ကိုဆန်းနိုင်ဦးအပါအဝင် မြေသယ်ယူမယ့် ထော်လာဂျီ စက်တစီးလည်း မြေကြီးပိမိခဲ့တယ်လို့ ရတနာမာန်အောင်ရပ်ကွက် ရာအိမ်မှူး ဦးဖိုးထူးက ပြောပါတယ်။

ကိုဆန်းနိုင်ဦးဟာ အသက် ၄၂ နှစ်အရွယ်ရှိပြီး စည်တော်မင်္ဂလာရပ်ကွက်မှာ နေထိုင်သူဖြစ်ပါတယ်။

မြေတူးနေတုန်း ရုတ်တရက် မြေပိပြီး တောင်အောက်မှာ ပျောက်သွားလို့ ပတ်ဝန်းကျင်က လုပ်ဖော်ကိုင် ဖက်တွေ ဒေသခံ ပရဟိတ အဖွဲ့တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ ရောက်လာပြီး မြေကြီးတွေကို ဝိုင်းဝန်းဖယ်ရှားခဲ့ ကြပါတယ်။

၁ နာရီကျော်လောက်အကြာမှာ မြေအောက်ပိနေတဲ့ ကိုဆန်းနိုင်ဦးကို အသက်ရှင်ကယ်ထုပ်နိုင်ခဲ့ပေ မယ့် ပြည်ဆေးရုံကြီးကို ပိုဆောင်စဉ် လမ်းခရီးမှာ သေဆုံးသွားပါတယ်။


DVB


မှတ်ချက်များ