အောင်စည်မင်း ခရီးသည်တင် မော်တော်ယာဉ် တိမ်းမှောက်(တစ်ဦးသေ)၊ (၃၉)ဦး ဒဏ်ရာရရှိ
တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းမြို့မှ မြိတ်မြို့သို့ ဇန်နဝါရီလ(၈)ရက် ည(၇)နာရီက ထွက်ခွါလာ
သော အောင်စည်မင်း ခရီးသည်တင် မော်တော်ယာဉ်လိုင်းမှ ယာဉ်မောင်း နောင်နောင် မောင်းနင်လာ
သော မော်တော်ယာဉ် အမှတ် ၃က-၂၄၅၆သည် ဇန်နဝါရီလ(၉)ရက် နံနက်(၇)အချိန်ခန့်တွင် တနင်္သာရီ မြို့နယ်- ချောင်းနောက်ပြန်ရွာနှင့် ပွိုင့် 1020 တောင်အကြား မိုင်တိုင်အမှတ် (၈၅နှင့်၈၆)အကြား၌ မော်
တော်ယာဉ် ဂီယာချွတ်ယွင်း၍ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင်ပါလာသော ကျား(၂၇)ဦး၊ မ(၂၀)ဦး ပေါင်း(၄၇) ဦးတွင်
မော်လမြိုင် မြို့နေ ကိုဇော်ဝင်းနိုင်(အသက်-၃၅နှစ်)မှာ သေဆုံးခဲ့ပြီး ကျား(၁၈)ဦး၊ မ(၂၁)ဦး ပေါင်း (၃၉) ဦးမှာ ကျိုးပဲ့ပွန်းပဲ့ ဒဏ်ရာရရှိ ခဲ့သဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ ပြင်းထန် ဒဏ်ရာရခဲ့သည့် ကျား(၃)ဦးနှင့်မ(၇)ဦး ပေါင်း(၁၀)ဦးတို့အား မြိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ချက်ခြင်းလွဲ
ပြောင်း ကုသရမည်ဖြစ်သဖြင့် တနင်္သာရီမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ချက်ခြင်း ပို့ဆောင် ပေးခဲ့ သည်။
ဆက်လက်၍ ပွန်းပဲ့ဒဏ်ရာရရှိပြီး နေရပ်များသို့ အလျင်စလိုသွားလိုသည့် လူနာ(၂၀)ဦးကိုလည်းမြို့နယ်အုပ် ချုပ်ရေးမှူး ဦးကျော်သူက ခရီးသည်များသွား လိုရာဒေသသို့ ရောက်ရှိနိုင်ရန် စီစဉ်ဆက်သွယ် ဆောင်ရွက်
ပေးပြီး ခရီးသည်များ ကလည်း တစ်ဦးလျှင်ငွေကျပ် (တစ်သောင်း) စီ လမ်းစရိတ်အဖြစ် ထောက်ပံ့ပေးခဲ့
ကြောင်းသိရသည်။
၎င်းယာဉ်တိမ်းမှောက်မှုဖြင့် တနင်္သာရီမြို့နယ် ပြည်သူဆေရုံ၌ အတွင်းလူနာဖြင့် ဆေးကုသမှု ခံယူရန် ကျန်ရှိသူ (၆)ဦး ကိုလည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းမြင့်က တစ်ဦးလျှင် ကျပ်တစ်
သောင်းစီ ကူညီ ထောက်ပံ့ပေး ခဲ့ကြောင်းနှင့် မြို့နယ်မိခင်နှင့်ကလေးအဖွဲ့၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ကလည်း အစားအသောက်များ ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။
အဆိုပါယာဉ် တိမ်းမှောက်မှုတွင် ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း နောင်နောင်မှာ ထွက်ပြေး တိမ်းရှောင်နေသဖြင့် တနင်္သာရီရဲစခန်းမှ ဖမ်းဆီးရမိရေး ဆောင်ရွက် လျက်ရှိကြောင်းနှင့် ၎င်းအမှုအား တနင်္သာရီမြို့မ ရဲစခန်းမှပြစ်မှုအမှတ် ယာဉ်(ပ) ၁/၂၀၁၅ ၊ ပုဒ်မ-၃၃၇/၃၃၈/၃၀၄-က ဖြင့်အမှုဖွင့် အရေး ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
MOI


မှတ်ချက်များ