သရုပ်ဆောင်မင်းအုပ်စိုးအမှုယခုလ ၂၂ ရက်တွင် တရားရုံးတင်မည်


ဓါတ်ပုံ - လင်းမြတ်
သရုပ်ဆောင် မင်း အုပ်စိုးကို အင်းစိန်အကျဉ်းထောင်တွင် ဆက် လက်ထိန်းသိမ်းရန် ဒုတိယအကြိမ်ချုပ်မိန့် (ရမန်)ရယူခဲ့ပြီး ဇန်နဝါရီ၂၂ရက်တွင် အ နောက်ပိုင်းခရိုင်တရားရုံး၌ တရားစွဲတင် မည်ဟု ဗဟန်းမြို့မစခန်း မှူးက ပြောသည်။

ဇန်နဝါရီ ၈ရက်က ဗဟန်းမြို့နယ် တရားသူကြီးထံမှ ရမန်ရယူခဲ့ခြင်းဖြစ်သည်။အမှုစစ်စခန်းမှူး ဒုရဲမှူး သိန်း ဝင်းက ''ဒီနေ့တော့ မြို့နယ်ရုံးပေါ့။ အဲဒီနေ့ ကျရင် အနောက်ပိုင်းခရိုင် တရားရုံးချမှာ ပါ''ဟုပြောသည်။
အခင်းဖြစ်စဉ် သေဆုံးခဲ့သော မနုနုယဉ်(ခ)မတေးနုယဉ်၏ ဆေးစစ်ချက် အဖြေထွက်ရှိပြီဟု အမှုစစ်စခန်း မှူးကပြော ဆိုခဲ့သော်လည်း ဆေးစာပါအချက်အလက် များကို ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။''ဆေးစစ်ချက် က ထွက်ပါပြီ။ဆေးစစ်ချက်ကို ကျွန်တော်တို့က ပြောပိုင် ခွင့်မရှိပါဘူး''ဟု စခန်းမှူးကဆိုသည်။

သရုပ်ဆောင်မင်းအုပ်စိုးနှင့် တေးနုယဉ်(ခ)မနုနုယဉ်မှာ အမှုဖြစ်ပွားစဉ် က မောင်နှမဝမ်းကွဲဟု ယူဆပြော ဆိုနေ ကြသော်လည်း ၄င်းတို့နှစ်ဦးမှာ လုပ်ဖော် ကိုင်ဖက်များသာဖြစ်ကြောင်း သရုပ်ဆောင် မင်းအုပ်စိုး ကပြောသည်။

''သရပါမဂ္ဂဇင်းမှာ ကျွန်တော် က အယ်ဒီတာချုပ်ပါ။ မနုနုယဉ်က လက် ထောက်အယ်ဒီတာပါ။ အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်သွားခဲ့တာပါ။ မနုနုယဉ်နဲ့ကျွန် တော် အလုပ်အတူလုပ်လာတာ ခြောက် နှစ်နီးပါးရှိပါပြီ။ အခင်းဖြစ်ပွားတုန်းက ကျွန် တော် တားမြစ်ဆေးမသုံးစွဲထားပါဘူး။ ဖြစ် နိုင်ရင် မနုနုယဉ်ရဲ့မိဘတွေကို
တောင်းပန် ချင်ပါတယ်'' ဟု သရုပ်ဆောင်မင်းအုပ်စိုးက ဇန်နဝါရီ ၈ရက်တွင် ဗဟန်းမြို့နယ်တရား ရုံးအတွင်း ၌ မီဒီယာများသို့ ပြောသည်။

အခင်းဖြစ်ပွားနေစဉ် ကာလအ တွင်း တားမြစ်မူးယစ်ဆေးသုံးစွဲထားခြင်း ရှိ၊မရှိ တာဝန်ရှိသူများထံသို့ မေး
မြန်းခဲ့သော် လည်း တစ်စုံတစ်ရာဖြေကြားခဲ့ခြင်း မရှိပေ။

၂ဝ၁၄ခုနှစ် ဒီဇင်ဘာ၂၅ရက် က မင်းအုပ်စိုးနှင့် တစ်အိမ်တည်းနေထိုင် သည့် သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မနုနုယဉ် (ခ) မတေးနုယဉ်ကို မင်းအုပ်စိုးက ရိုက် နှက်ထိုးကြိတ်ခဲ့သဖြင့် မနုနုယဉ်မှာ ဒဏ် ရာများရရှိပြီး
 သေဆုံးခဲ့သည်။

မင်းအုပ်စိုးက ရဲစခန်းသို့ လာ ရောက်ဖမ်းဆီးခံခဲ့သဖြင့် ဗဟန်းမြို့မရဲစ ခန်းမှူးက ပြစ်မှုပုဒ်မ ၃ဝ၂ဖြင့် ဖမ်းဆီးစစ် ဆေးပြီး ဒီဇင်ဘာ၂၆ရက်တွင် အင်းစိန်အ ကျဉ်းထောင်သို့ ပြောင်းလဲထိန်းသိမ်းခဲ့သည်။

လင်းမြတ် ၊ မင်းအံ့သွန်း | Yangon Media Group

မှတ်ချက်များ