လယ်ဝေးမြို့နယ်၌ စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းမိ
နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ညိုပင်ကျေးရွာအုပ်စု ကြိုးတန်းကျေးရွာနေ လယ်ယာ လုပ် ငန်းလုပ်ကိုင်သူ ကိုဇော်သည် ယမန်နေ့နံနက်ပိုင်းက ရဘိန်းကျေးရွာအုပ်စု ရေပြာကျေးရွာတောစပ်သို့ အိမ်မွေးကျွဲများအတွက် ကျွဲစာရိတ်ရန်သွားရောက်ရာ တောစပ်အနီး စပါးအုံးအမျိုးအစား မြွေကြီးနှစ်ကောင် ကို တွေ့ရှိခဲ့၍ တစ်ကောင်ကို အရှင်ဖမ်းမိခဲ့ပြီး ကျန် တစ်ကောင်မှာ တောထဲသို့ ဝင်ပြေးသွားခဲ့သည်။
ဖမ်းမိခဲ့ သောမြွေမှာအမဖြစ်၍ အရှည်ရှစ်ပေ၊ လုံးပတ်ရှစ်လက်မ ရှိပြီး ယခုအခါ ကြို့တန်းကျေးရွာ ရွာဦး ဘုန်းကြီး ကျောင်းဝင်းအတွင်း သစ်သားသံဆန်ခါ လှောင်အိမ် ပြုလုပ်၍ ထိန်းသိမ်း စောင့်ရှောက်ထားလျက် ရှိ ကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ) | Myanmaalinn

မှတ်ချက်များ