သစ်တောအရာရှိများ အသတ်ခံရမှုနှင့် ပတ်သက်ပြီး သစ်တောရေးရာ ဒုဝန်ကြီးဦးဆောင်သော အဖွဲ့ ကွင်းဆင်းစစ်ဆေးမည်

Photo : Shan News

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ် ၀မ်စလောင်းဒေသ တွင် ဖြစ်ပေါ်ခဲ့သည့် သစ်တောအရာရှိလေး ဦး ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယ၀န် ကြီး ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အ စိုးရ အဖွဲ့တာဝန်ရှိသူတဦးက ဖလားဝါးနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ယင်းသတ်ဖြတ်မှုတွင် မူလက RCSS/SSAရှမ်းပြည်တပ်မတော်
 တောင်ပိုင်း၏လက်ချက်ဖြစ်ကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသော်လည်း မည် သည့်အဖွဲ့ လက်ချက်ဖြစ်ကြောင်းကိုလည်း စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်များပြီးဆုံးမှ အတည်ပြုနိုင်မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ သစ်တောရေးရာနှင့် သတ္တုတွင်းဝန်ကြီးဌာန၀န်ကြီး ဦးစိုင်းအိုက်ပေါင်းက ပြော သည်။

‘ နေပြည်တော်က လာစစ်ပြီးမှပဲ အတည်ပြုနိုင်မယ် ဘယ်အဖွဲ့လက်ချက်ဆို တာကို ၊ ဒုဝန်ကြီးဥိးဆောင်ပြီး ဗဟိုကနေ လာစစ်မှာပါ ‘ ဟု ဥိးစိုင်းအိုက်ပေါင်း က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ရ ရက်နေ့ကဖြစ်ပွားခဲ့သည့် ယင်းပစ်ခတ်သတ်ဖြတ်မှု အပြီးတွင် ပြန်ကြားရေးဝန် ကြီးဌာနမှ အဆိုပါ သတ်ဖြတ်မှုသည် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်သည့် RCSS/ SSA နှင့် ဆက်နွယ်နေ သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး များမကြာမှီမှာပင် နယ်မြေရှင်း လင်းရေး ပြုလုပ် သည့် တပ်မတော် စစ်ကြောင်းများနှင့် RCSS/SSA တို့အကြား တိုက်ပွဲများဖြစ် ပွား ခဲ့သည်ဟု ဆဲဗင်းဒေး
 နေ့ စဉ်သတင်းစာက ဖော်ပြသည်။

RCSS/SSA အဖွဲ့ကမူ ယင်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆန်ထားပြီး အခိုင်မာသက်သေပြရန်လည်း အစိုးရ တာဝန်ရှိသူများထံ တောင်းဆိုထားသည်။ ‘ကျန်တော်တို့မှာဒီလိုမူဝါဒမရှိဘူး ဖြစ်ခဲ့ရင်တောင်
  အောက်ခြေက ဖြစ်တဲ့အတွက် ကျန်တော်တို့ ပြင်းပြင်းထန်ထန်အရေးယူမယ်။ တခုရှိတာက ဒီအခင်းဖြစ် တဲ့ ဒေသက ပြည်သူ့စစ်အဖွဲ့တွေ အားကောင်းတဲ့ ဒေသဖြစ်နေတယ်။ ‘ဟု RCSS/SSA မှ ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလှက ပြောသည်။

အခင်းဖြစ်ပွားရာ ၀မ်စလောင်းဒေသသည် လင်းခေးမှ ယခင်ဦးခွန်ဆာ၏ ဌာနချုပ်ဟောင်းဖြစ် သည့် ဟိုမိန်း သွားလမ်းပေါ်တွင်တည်ရှိပြီး ဖမ်းဆီးရမိ သည့်သစ်လုံးများတွင် SSS အမှတ်တံဆိပ်များတွေ့ရှိရသည်ဟု ဦးစိုင်းအိုက်ပေါင်း က သစ်တောဦးစီးဌာနမှရရှိသည့် မြေပြင်သတင်းများကို ကိုးကားပြီး ပြောဆိုသည်။


Yangon Media Group

မှတ်ချက်များ