၂၀၁၄ ခုနှစ်အတွင်း အင်တာနက်ပေါ်မှ ညစ်ညမ်းဗီဒီယို (၃)သန်းကျော်ကို တရုတ်အာဏာပိုင်များ ဖယ်ရှား
တရုတ်နိုင်ငံမှ အင်တာနက် စိစစ် တည်းဖြတ်မှု တာဝန်ရှိသူများသည် ၂၀၁၄ ခုနှစ်၊ တစ်နှစ်တာ အတောအ တွင်း အွန်လိုင်းပေါ်ရှိ ညစ်ညမ်းဗီဒီယိုပေါင်း (၃)သန်းကျော်ကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရှိရသည်။
Xinhua သတင်းအေဂျင်စီက တရုတ်နိုင်ငံ၏ အွန်လိုင်း အသုံးပြုမှု ပတ်ဝန်းကျင် သန့်စင်ရှင်းလင်းရေး စီမံ ကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ညစ်ညမ်းဗီဒီယိုများကို ယင်းကဲ့သို့ သုတ်သင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း
ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံ၏ ညစ်ညမ်းပုံရိပ်များ ဖျက်သိမ်းရေးနှင့် တရားမဝင် ဖြန့်ချိမှုများ တားဆီးရေး ရုံးမှ ဒုတိယ ညွှန် ကြားရေးမှူး ဇူဟွိုင်လင်က အင်တာနက်ပေါ်မှ ညစ်ညမ်းဗီဒီယိုများ ပယ်ဖျက်ရေး ကဏ္ဍတွင် မိမိတို့သည် ၂၀၁၄ ခုနှစ်အတွင်း ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် အင်တာနက်ပေါ်မှ ညစ်ညမ်းရုပ်ရှင်များ တိုက်ဖျက်ရေးကို ဆယ်စုနှစ် တစ်ခုကြာမျှ အ
ကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပိုမိုပြင်းထန်စွာ ကြပ်မတ် ကိုင်တွယ်လာသည်။ ၂၀၀၆ ခုနှစ်က Member ခြောက်သိန်းကျော် စုစည်းထားသည့် နာမည်ကြီး ညစ်ညမ်းဗီဒီယို ဝက်ဘ် ဆိုက်တစ်ခု ထူထောင်ထားသူ တစ်ဦးအား တရုတ် အာဏာပိုင်များက ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ သည်။
Xinhua သတင်းဌာနက တရုတ် အာဏာပိုင်များသည် ပြီးခဲ့သည့် နှစ်အတွင်းက ဝက်ဘ်ဆိုက်နှင့် ဝက်ဘ် စာမျက်နှာ တစ်သောင်းကျော်ကို ညစ်ညမ်းပုံရိပ်များ ဖော်ပြထားမှုဖြင့် ပိတ်သိမ်းခဲ့ကြောင်း ရေးသားထား
သော်လည်း အသေးစိတ် အချက်အလက်များကိုမူ ဖော်ပြမထားခဲ့ချေ။
တရုတ်သည် ကမ္ဘာပေါ်တွင် အင်တာနက် အသုံးပြုသူ အရေအတွက် အမြင့်မားဆုံး နိုင်ငံအဖြစ် ရပ်တည်
နေပြီး အစိုးရ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်အတွင်း တရုတ်နိုင်ငံသား (၆၃၂)သန်းကျော် အင်တာနက်အ သုံးပြုခဲ့ကြောင်း သိရှိရသည်။
တရုတ်အစိုးရသည် နိုင်ငံသားများ၏ အင်တာနက် လွတ်လပ်စွာ အသုံးပြုခွင့်ကို နည်းလမ်း အမျိုးမျိုးဖြင့် ကန့် သတ်ခြင်း၊ ပိတ်ပင်ခြင်းများ ပြုလုပ်သည့်အတွက် တရုတ် အင်တာနက် စိစစ်ရေး အာဏာပိုင်များကို Social Media များတွင် မဟာတံတိုင်းကြီးနှင့် တင်စားလှောင်ပြောင်လေ့ ရှိကြသည်။
7day

မှတ်ချက်များ