စည်းကမ်းမဲ့ခရီးသည်တင်ယာဉ်များကို ဒဏ်ကြေးအဆတစ်ရာခန့် တိုးမြှင့်


စည်းကမ်းမဲ့ခရီးသည် တင်ယာဉ်များကို ဒဏ်ကြေးငွေ များ အဆတစ်ရာနီးပါးတိုးမြှင့်ပြီး ထိရောက်စွာအရေး ယူသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောသည်။

ယခင်က ခရီးသည်တင် ယာဉ်များ စည်းကမ်းချိုးဖောက် လျှင် ၁၉၆၄ မော်တော်ယာဉ် ဥပဒေဖြင့်သာ အရေး ယူခဲ့ပြီး ဒဏ်ကြေးငွေကျပ် ၁,၅၀၀ သာ ချမှတ်ခဲ့သည်။ ယခုထုတ်ပြန်လိုက်သော ဥပဒေအသစ်တွင် ပြစ် ဒဏ်အမျိုးအစားအလိုက် ကျပ်တစ်သောင်းမှ ကျပ်ငါးသိန်းအထိ ချမှတ်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ခင်က ပြောသည်။

‘‘ဥပဒေသစ်မှာတော့ ခေတ် ကာလနဲ့လိုက်လျောညီထွေရှိမယ့် ပြစ်ဒဏ်တွေထည့်ထားတာပါ။ ဒီလိုပြစ်ဒဏ် တိုးလိုက်ခြင်းအား ဖြင့် အရင်ကထက်အရေးယူမှုကို ထိထိရောက်ရောက်လုပ်သွားနိုင် ပါမယ်’’ဟု ဦးအောင် ခင်က ပြော ကြားသည်။

ပုဂ္ဂလိကမော်တော်ယာဉ် စနစ်တကျပြေးဆွဲရေးဥပဒေကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကလွှတ်တော် ၏ သဘော တူညီချက်ဖြင့် ပြီးခဲ့သည့်နှစ်ကုန် က အတည်ပြုထားပြီးဖြစ်ကာ နည်းဥပဒေရေးဆွဲပြီးပါက စ တင် ကျင့်သုံး၍ အရေးယူမှုများပြုလုပ် နိုင်မည်ဟု သိရသည်။

ယင်းဥပဒေတွင် စီမံခန့်ခွဲ ရေးအရ အရေးယူခြင်းနှင့် ပြစ်မှု ပြစ်ဒဏ်အလိုက် အရေးယူခြင်း ဟူ၍ပါရှိပြီး စီမံ ခန့်ခွဲမှုအရ အရေး ယူရာတွင် သတိပေးခြင်း၊ တားမြစ်ပိတ်ပင်ခြင်း၊ ဒဏ်ကြေးတပ်ရိုက်အရေးယူခြင်း တို့ပါ ဝင်သည်။ ပြစ်မှုပြစ်ဒဏ်အရ အရေးယူရာတွင် သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းအမိန့်ကြေညာချက် များလိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက တစ်ရက်လျှင် ကျပ်တစ်သောင်းမှ ကျပ်ငါး သောင်းအထိချ မှတ်နိုင်ကြောင်း သိရသည်။

ယာဉ်စီးခ ပိုမိုကောက်ခံ ခြင်း၊ ခရီးသည်များအပေါ် မချေ မငံဆက်ဆံခြင်း အစရှိသော လုပ်ဆောင်ချက်များ မှာ အဆိုပါ အရေးယူမှုများတွင် အကျုံးဝင် မည်ဖြစ်သည်။

သက်ဆိုင်ရာကော်မတီက ဖွဲ့ထားသော ဆပ်ကော်မတီများ၊ စစ်ဆေးရေးအဖွဲ့များကိုဟန့်တား ခြင်း၊
 နှောင့်ယှက်ခြင်းများပြုလုပ် ပါက ငွေဒဏ်ကျပ်တစ်သိန်းမှ ကျပ်ငါးသိန်းအထိ ချမှတ်နိုင်သည်။

မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ ဥက္ကဋ္ဌဦးလှအောင် ကမူ ယင်းဥ ပဒေမှာ ၎င်းတို့ထံ ရောက်ရှိလာခြင်းမရှိသေး၍ ယခင်ဥပဒေဟောင်းနှင့်နှိုင်းယှဉ် မှတ်ချက်မပြောနိုင်သေး
ကြောင်းသိရသည်။

ဥပဒေသစ်တွင် ပြစ်မှုပြစ် ဒဏ်များတိုးမြှင့်ထားသော်လည်း စစ်ဆေးရေးလုပ်ငန်းဆောင်ရွက် ရာ၌ အဂတိ လိုက်စားမှုများရှိ နေ ပါက ထိရောက်မှုရှိနိုင်မည် မဟုတ်ဟု ခရီးသွားများက မှတ်ချက်ပြုသည်။

‘‘တိုင်တော့လည်း ဘယ်လို အရေးယူလိုက်မှန်းမသိဘူး။ စစ် ဆေးရေးအဖွဲ့ ဆိုတာကလည်း လက်မှတ်
လေးထိုးပေး ဘော်ဒါ ကြေးယူတဲ့အကျင့်တွေ ဆက်ရှိ နေရင်တော့ ဘာမှထူးလာမှာ မဟုတ်ဘူး’’ဟု စာရင်းကိုင်ဝန်ထမ်း ကိုဇေယျာထွန်းက ပြောသည်။

မိုးမင်း | 7day




မှတ်ချက်များ