![]() |
| မြစ်ကြီးနားမြို့တွင် ကျင်းပနေသော မနောပွဲသို့ တက်ရောက်ခဲ့သည့် သမ္မတကို ကချင်တိုင်းရင်းသား ကလေးငယ်နှစ်ဦးနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ− MOI) |
‘‘ငြိမ်းချမ်းရေးက ၅၁ သန်း ကျော်သော ပြည်သူတွေရဲ့ လို အင်ဆန္ဒပဲဖြစ်ပါတယ်’’ဟု သမ္မတဦးသိန်းစိန်က မနောအိမ်တော် တွင် ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေး သည် လက်တစ်ကမ်း အလို၌ရှိနေပြီး မကြာမီအပစ်အ ခတ်ရပ် စဲရေးလက်မှတ်ထိုးနိုင်ရန် မျှော် လင့်ကြောင်းလည်း ပြောကြားခဲ့ သည်။
ဇန်န၀ါရီ ၁၀ ရက်က မြစ် ကြီးနားမြို့တွင် (၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့နှင့် မနောပွဲ တော်ဖွင့်ပွဲသို့ သမ္မတဦးသိန်းစိန် နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမ ဆုံးသမ္မတ စ၀်ရွှေသိုက်ပြီးနောက် သမ္မတ ဦးသိန်းစိန်မှာ မနောပွဲသို့တက် ရောက်လာသည့် ဒုတိယမြောက် သမ္မတတစ်ဦးလည်း ဖြစ်သည်။ သမ္မတဦးသိန်းစိန်မှာ ကချင်တိုင်း ရင်းသားတို့ ၀တ်ဆင်လေ့ရှိ သည့် ခေါင်း
ပေါင်းပေါင်းကာ ကချင် လွယ်အိတ်လွယ်၍ ကချင်ရိုးရာ ၀တ်စုံဝတ်ကာ ဖွင့်ပွဲတက်ရောက် လာခြင်းဖြစ် သည်။
ထို့အပြင် သမ္မတဦးသိန်း စိန်က တည်ငြိမ်အေးချမ်းမှုရှိမှ သာ ကချင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ကချင်ပြည်နယ် အတွင်း ပဋိပက္ခများချုပ်ငြိမ်းရန် တိုင်းရင်းသားများအားလုံး
ပြည် ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက် တွန်းကြောင်း (၆၇) နှစ်မြောက် ကချင်ပြည်နယ်နေ့သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
မြန်မာနိုင်ငံတွင် လွတ်လပ် ရေးရပြီးချိန်မှစ၍ နိုင်ငံရေး မတည်ငြိမ်မှုများ၏ ရိုက်ခတ်မှု ကြောင့် လက်နက် ကိုင် ပဋိပက္ခ များ ကြုံတွေ့ခဲ့ရကြောင်း သမ္မတက သ၀ဏ်လွှာတွင်ဖော်ပြ ထားသည်။ လက်ရှိအခြေအနေ တွင် အဆိုပါပဋိပက္ခများ၏ အ တွေ့အကြုံများကို သင်ခန်းစာ ရယူပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန် နှင့် တိုင်းရင်း သား ညီအစ်ကို မောင်နှမများ အတူတကွယှဉ်တွဲ နေထိုင်နိုင်ရေး လက်တွဲဖော် ဆောင်ရမည့်အချိန်အခါ
ကောင်း ဖြစ်သည်ဟု သမ္မတကပြောကြား သည်။
လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ဇန်န၀ါရီ ၁၀ ရက်တွင် ကချင်ပြည်နယ်ကောင်စီ၏ပထမဆုံးကျင်းပသော အစည်းအဝေးက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့ စည်းခဲ့မှုအား ဂုဏ်ပြုသည့်အနေ ဖြင့် ဇန်န၀ါရီ ၁၀ ရက်ကို ‘‘ကချင် ပြည်နယ်နေ့’’အဖြစ် သတ်မှတ် ကျင်းပခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)နှင့် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံပြည်သူများ က ဒေသမ တည်ငြိမ်ခြင်း၊ စစ် ဘေးဒုက္ခသည်တစ်သိန်းကျော် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရခြင်းကြောင့် မနောပွဲ
တော် မကျင်းပသင့်ကြောင်း ကန့်ကွက်နေချိန်တွင် ကချင်ပြည်နယ်အစိုးရက မနောပွဲကို ဇန်န၀ါရီ ၅ ရက်မှ စတင်ကျင်းပခဲ့ခြင်းဖြစ်သည်။
မြစ်ကြီးနားမြို့တွင် ပြုလုပ် ခဲ့သည့် မနောပွဲတော်သို့ တက် ရောက်ရန် ကချင်လွတ်မြောက် ရေးအဖွဲ့(ကေ အိုင်အို) ကိုလည်း ဖိတ်ကြားခဲ့ကြောင်း သတင်းရရှိ သည်။
မဆလအစိုးရ လက်ထက်တွင် မနောပွဲ ကျင်းပခဲ့ခြင်း မရှိဘဲ ၂၀၀၁ တွင် ပြန်လည်ကျင်းပခဲ့ပြီး နောက် KIA နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းကြောင့် ၂၀၁၁ မှစ၍ မနောပွဲကို ကျင်းပ ခဲ့ခြင်းမရှိဘဲ ၂၀၁၅ တွင် ဒေသခံ အများစုကန့်ကွက်နေသည့်ကြား မှ ပြည်နယ်အစိုးရက ဦးစီးကျင်း ပခဲ့ခြင်းဖြစ်သည်။
ကေအိုင်အိုအပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းများနှင့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူညီ ချက် လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေပြီး ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အမြန်ဆုံး အောင်မြင်
စေ ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့်အတူ ကချင်ပြည် သူများအားလုံး ၀ိုင်းဝန်းပူးပေါင်း ဆောင် ရွက်ရန်လိုအပ်ကြောင်း လည်း သမ္မတက သ၀ဏ်လွှာတွင် ပြောကြားထားသည်။
‘‘အယူဝါဒတွေ ဘယ် လောက်ပဲ ကွဲပြားပါစေ။ အစဉ် အလာထိန်းသိမ်းရင်းပြည်နယ်နေ့အထိမ်းအမှတ်ကို ဂုဏ်ပြုဆင်နွှဲ တဲ့ပွဲမို့ တိုင်းရင်းသားပေါင်းစုံပါ ၀င်ဆင်နွှဲကြတဲ့ အစည်ကားဆုံး ပွဲကြီးပါ။ ဒေသခံတွေ အား လုံး လည်း ညီညွတ်စွာနဲ့ မနောအက ကို အတူကကြရင်း ပျော်ကြတဲ့ ပွဲလို့ပဲ မြင်ပါတယ်’’ ဟု ဇန်န၀ါရီ ၁၀ ရက်က မြစ်ကြီးနားမြို့ မနော ပွဲဖွင့်ပွဲသို့ တက်ရောက်သည့် ကချင်တိုင်းရင်းသူ ဒေါ်အယ်လ် ခွန်းရီက ပြော ကြားသည်။
အေးသူစံ ၊ မရန် | 7day

မှတ်ချက်များ