ပညာမရှိဘဲ ဆင်းရဲမှုပပျောက်အောင် လုပ်မည်ဆိုသည်မှာ အဓိပ္ပာယ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက် လေးနှစ်ပြည့်အထိမ်းအမှတ် အလှူရှင်များဂုဏ်ပြုပွဲနှင့် ရန်ပုံငွေရှာဖွေရေးဂီတပွဲတော်ဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ်
(ဓာတ်ပုံ − NLD Chairperson's office)
 ပြည်သူများကို လွတ် လပ်စွာ တွေးခေါ်ပိုင်ခွင့်မပေးဘဲ၊ပညာမရှိဘဲနှင့် ဆင်းရဲမွဲတေမှု ပပျောက်အောင် လုပ်ဆောင်မည် ဆိုသည်မှာ အဓိပ္ပာယ်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားလိုက်သည်။

‘‘ပညာမရှိဘဲနဲ့ ကျွန်မတို့ ဆင်းရဲမွဲတေမှုပပျောက်အောင် လုပ်နိုင်မယ်ဆိုတာ အဓိပ္ပာယ်မရှိ ဘူး။ ပြည်သူ
တွေကို စဉ်းစားပိုင် ခွင့်မပေးဘူး။ ပြည်သူတွေကို လွတ်လွတ်လပ်လပ်တွေးတော ပိုင်ခွင့်မပေးဘဲနဲ့ နိုင်ငံ တစ်နိုင်ငံ အဆင့်မြင့်အောင် လုပ်မယ်ဆို တာ ဒါအဓိပ္ပာယ်မရှိတဲ့ အတွေး အခေါ်မျိုးဖြစ်ပါတယ်။ ပြည် သူ တွေ အတွေးအခေါ်အဆင့်မြင့်မှ ကျွန်မတို့ နိုင်ငံအဆင့်မြင့်မှာ ဖြစ် ပါတယ်’’ဟု အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရန် ပုံငွေပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့ခြင်းဖြစ် သည်။

ဆင်းရဲမွဲတေမှုပပျောက်ရန် အစိုးရက လုပ်ပေးရမည်ဖြစ် သော်လည်း ပြည်သူလူထုကသာ လျှင် မိမိ၏ ဉာဏ်ပညာတိုးတက် အောင်နှင့် မိမိနိုင်ငံ၏ ဆင်းရဲမွဲ တေမှုပပျောက်အောင် လုပ်နိုင် သည်ကို သဘော
ပေါက်ရန်လို ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ထို့အပြင်လူငယ်များအနေဖြင့် စဉ်းစားဉာဏ်ရှိ ရန်နှင့် လွတ်လပ်သော အတွေးအခေါ်အတွက် လွတ်လပ်စွာ ဆည်းပူးပိုင်ခွင့်၊ တွေးခေါ်ပိုင်ခွင့်၊ ပြောဆိုပိုင် ခွင့်ရှိရန် အရေးကြီးသော်လည်း လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုသည်မှာ လွတ်လွတ်လပ်လပ် မုသားပြော ဆိုပိုင်ခွင့်၊ တိုက်ခိုက်ပိုင်ခွင့်ကို ပြောခြင်းမဟုတ်ဘဲ ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်သာဖြစ်
ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားခဲ့သည်။

ပညာရေးစနစ်တွင် အလွတ်ကျက်သော စနစ်ဖြစ်နေသည်ကို လည်း ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့ပြီး အဆိုပါပုံစံမျိုးနှင့် လူ ငယ်များကို ပြုစုပျိုးထောင်၍မရဘဲ စနစ်ကိုပြုပြင်ရန် ဆရာများအပြင် မိဘများတွင်လည်း တာဝန်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် (၄)နှစ် ပြည့်အထိမ်းအမှတ် အလှူရှင်များဂုဏ်ပြုပွဲနှင့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲတော်ဖွင့်ပွဲကို ဇန်န၀ါရီ ၁၀ ရက်က ပြည်သူ့ရင်ပြင်တွင် ကျင်းပရာ အဖွဲ့ချုပ်နာယ က ဦးတင်ဦး၊ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် ပညာရေး၊ ကျန်းမာရေးကွန်ရက်မှ တာဝန်ရှိသူများ၊ ပြည် သူများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ၊ အမေ့အိမ်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများနှင့် အဖွဲ့ ချုပ်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။

အိဖြူလွင် | 7day



မှတ်ချက်များ