အကယ်ဒမီရလို့ အလှူလုပ်မယ့် ၀တ်မှုံရွှေရည်

အနုပညာသက်တမ်း ၁၀ နှစ်အတွင်း ပထမဆုံးအကယ် ဒမီဆု ရရှိခဲ့သည့် သရုပ်ဆောင် ၀တ်မှုံရွှေရည်က အကယ်ဒမီ ဆုကို လှူဒါန်းသွားမည်ဟုပြောသည်။

‘‘ကစ် ဒီအလှူလေးကို လုပ်ဖို့အတွက် ရှိပါတယ်။ ခရီးကလည်း အခုမှ ပြန်ရောက်တာဆို တော့ သေချာမစီ စဉ်ရသေးလို့ပါ။ ပြီးရင် အားလုံးကို အသိပေးသွားမှာပါ’’ဟု ၎င်းကဆိုသည်။

အကယ်ဒမီဆုရရှိပြီးနောက်ပိုင်း ပရိသတ်က ပိုမိုလက်ခံလာသည့်အတွက် ယခင်ကထက် ပိုကြိုးစားရန်တွန်း အားများ သလို ဖြစ်လာကြောင်းနှင့် ဇာတ်ကားရိုက်ကူးရာတွင် လေးလေးနက်နက်ပိုရှိလာကြောင်း ၎င်းက
ပြောသည်။

ယခုနှစ်တွင် ကမ်းလှမ်းခံ ထားရသည့် ရုပ်ရှင်ဇာတ်ကား ငါးကားခန့်ရှိသော်လည်း ဇာတ်လမ်းသိအောင် ဖတ်နေပြီး ရိုက်ဖြစ်ရန် မသေချာသေးကြောင်းနှင့် ရုပ်ရှင်ဇာတ်ကားများကို ရိုက်ခဲ့သည့် ဇာတ်ရုပ်မျိုးဆိုလျှင် ရိုက်ကူးတော့မည်မဟုတ်ကြောင်း သရုပ်ဆောင်ဝတ်မှုံရွှေရည်ကဆိုသည်။ ၂၀၁၅ တွင်ပြသမည့်ရုပ်ရှင် ဇာတ်ကားထဲတွင် ၎င်းပါဝင်သည့် ဇာတ်ကားသုံးကားခန့်ထွက်ရန်ရှိနေပြီး အတိအကျမသိသေးကြောင်းနှင့် ဗီဒီယိုဇာတ်ကားရိုက်ကူးမှု လက်ခံထားသည်မှာ နည်းနေကြောင်း ၎င်းက ပြောသည်။

ဟန်သူ | 7day



မှတ်ချက်များ