ပိုးမွှားကင်းရှင်းမှုနှင့် အရည်အသွေးသာ ကြည့်သဖြင့် တရုတ်သို့ ဆန်ပို့မှု လွယ်ကူဟုဆို


တရုတ်နိုင်ငံသို့ တရား ၀င်ဆန်တင်ပို့ရာတွင် ပိုးသတ် ဆေးနှင့် ဓာတ်ကြွင်းပါဝင်မှုကို မစစ်ဆေးသဖြင့် ဂျပန်၊ ဥရောပ နိုင်ငံများထက် တင်ပို့မှု လွယ်ကူ ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲမင်း
အောင်က ပြောသည်။

တရုတ်သို့ ဆန်တင်ပို့ရာ တွင် ပိုးမွှား၊ မှိုရောဂါကင်းရှင်း ရေးနှင့် အရည်အသွေးကိုသာ အဓိကထားရမည်
ဖြစ်ပြီး ဆန်များ ၌ ကျိုင်းကောင်ပိုးမွှားဗီဇမျိုး မပါဝင်ရန် အဓိကထားကြောင်း သိရသည်။

‘‘ဂျပန်ကို ပို့တာထက် ပို လွယ်တယ်။ ဂျပန်ပို့တုန်းကဆို ထိုင်းမှာ သွားစစ်ပြီးမှ ပို့ခွင့်ရတယ်’’ဟု ဦးရဲမင်း
အောင်က ပြောသည်။

ထို့အပြင် ပိုးသတ်ဆေးနှင့် အရည်အသွေး အာမခံချက်နှင့်ပတ်သက်၍ စည်းမျဉ်းများကို ချိုးဖောက်ခဲ့လျှင်
နောက်ကြောင်းပြန်စစ်ဆေးမှုများ ပြုလုပ်မည်ဟု တရုတ်နိုင်ငံနှင့် စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့ပြီး စစ်ဆေး မှုများ ပြန်လုပ်ပါက ကုန်ကျစရိတ်အားလုံးကို သက်ဆိုင်ရာကုမ္ပဏီကသာ ပေးဆောင်ရမည်ဟု စာချုပ်တွင် ပါရှိကြောင်း ဆန်စပါးသုတေသီဒေါက်တာမျိုးအောင်ကျော်က ပြောသည်။

တရုတ်နိုင်ငံသည် ကျိုင်း ကောင်အန္တရာယ်ကို အစိုးရိမ်ဆုံး ဖြစ်နေပြီး ယင်းပိုးမွှားသည် ရာသီ ဥတုဒဏ်ကို ခံနိုင်ရည်ရှိသဖြင့် ပြန့်ပွားမှု အန္တရာယ်ကို နိုင်ငံ အများအပြား စိုးရိမ်နေကြခြင်းဖြစ်သည်။

နှိမ်နင်းရန် ခက်သဖြင့် ကမ္ဘာ့နိုင်ငံများက သေချာစွာ စစ်ဆေးပြီး ထိန်းချုပ်ရန် အမြဲကြိုးစားနေကြကြောင်း
ဒေါက် တာ မျိုး အောင်ကျော်က ပြောသည်။

လက်ရှိတွင် တရုတ်နိုင်ငံသို့ ဆန် တင်ပို့မှုမှာ တန်ချိန်ရှစ်သိန်းရှိနေပြီ ဖြစ်သည်။

ပြည်သိမ်း | 7day



မှတ်ချက်များ