တရုတ်သို့ တရားဝင် ဆန်ပို့ရန် ကုမ္ပဏီကိုးခု ရွေးချယ်ခြင်း ဈေးကွက် လက်ဝါးကြီးအုပ်ခြင်း မဟုတ်ဟုဆို
တရုတ်နိုင်ငံသို့ ဆန်တင်ပို့ရန် အများပိုင်ကုမ္ပဏီ ကိုးခုဖြင့် စတင်ခြင်းသည် ဈေးကွက်ကို လက်ဝါးကြီးအုပ်
ခြင်းမဟုတ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများက ပြောသည်။
‘‘ဒီကိုးခုအောက်မှာ ကုမ္ပဏီငယ်တွေ၊ အသေးစားလုပ်ငန်း တွေပါဝင်နိုင်ဖို့လိုတယ်’’ဟု မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်တွဲ ဖက်အတွင်းရေးမှူးဒေါက်တာစိုး ထွန်းကပြောသည်။
မြန်မာနိုင်ငံမှ တရားဝင်ဆန် တင်ပို့ရန် ကုမ္ပဏီတစ်ရာကျော် ကို တရုတ်အစိုးရသို့ မကြာမီကတင်ပြခဲ့သည်။
ထိုသို့တင်ပြရာ တွင် တရုတ်နိုင်ငံက ကုမ္ပဏီများ လွန်းသဖြင့် လျှော့ချပေးရန် တောင်းဆိုခဲ့သည်။ ကုမ္ပဏီ များကို အများပိုင်ကုမ္ပဏီများမှ တင်ပို့ပေး ရန်တောင်းဆိုပြီး ကုမ္ပဏီကို ၁၀ ခုအောက်သို့ လျှော့ချပေးရန်ပြော ကြားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံဆန် စပါးအဖွဲ့ချုပ်မှ သဘောတူရွေးချယ်ထားသော ကုမ္ပဏီကိုးခုမှာ မြန်မာ့လယ်ယာ စီးပွားအများပိုင် ကော်ပိုရေးရှင်း(MAPCO) မြန်မာ နိုင်ငံဆန်စက်အသင်းမှ ဖွဲ့စည်းထားသော Myanmar Rice Mail၊ မြန်မာနိုင်ငံ ဆန်ကုန်သည်အသင်းမှ ဖွဲ့စည်းထားသော FRP ၊ ကုန်သည်စက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ တည်ထောင်ထားသော Golden Land East Asia၊ မန္တလေး ဆန်လုပ်ငန်းရှင်များတည်ထောင် ထား သော MRDC၊ ဘုရင့်နောင်လုပ်ငန်းရှင်များ ဖွဲ့စည်းထားသောကုမ္ပဏီ၊ ဧရာဝတီတိုင်းမှ လုပ်ငန်းအခြေ
ပြုဧရာပုသိမ်ကုမ္ပ ဏီ၊ မူဆယ်လုပ်ငန်းရှင်များတည် ထောင်ထားသော SPRDC နှင့် ရခိုင်ဆန်စပါး ကုမ္ပဏီ တို့ဖြစ်သည်။ တရုတ်နိုင်ငံသို့ ဆန်တင်ပို့ ရန် နှစ်နိုင်ငံစာချုပ်များချုပ်ဆိုရာ တွင် အင်္ဂလိပ်ဘာသာသာမက တရုတ်ဘာသာစကားများဖြင့်ပါ စာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့မှုကို ဧပြီ၊ မေလဆန်း တို့တွင် စတင်ပို့နိုင်မည်ဟု ၎င်းက ပြောကြား သည်။ လက်ရှိတွင်တရုတ်နိုင်ငံ၌ စပါးအသစ်များ ပေါ်ချိန်ဖြစ်နေသဖြင့် မြန်မာနိုင်ငံ မှ တရားဝင် ၀ယ်ယူမှုကို အာရုံ စိုက်နိုင်မည်မဟုတ်ကြောင်း သတင်းရရှိသည်။
တရုတ်နိုင်ငံသို့ တရားဝင် ဆန်တင်ပို့နိုင်ရန် ကုမ္ပဏီများမှတ်ပုံတင်ခြင်းကို စတင်လုပ်ဆောင် နေပြီး အရည် အသွေးပိုင်းဆိုင်ရာ လုပ်ဆောင်မှုများလည်း တစ်ပါတည်းလုပ်ဆောင်နေသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ တွင် တရားဝင်ဆန်တင်ပို့ရန်တန်ချိန်တစ်သန်း အနည်းဆုံးရှိနိုင်ကြောင်း မြန် မာနိုင်ငံ ဆန်စပါးအဖွဲ့ချုပ်မှ မျှော်မှန်းထားသည်။ ယခု နှစ်ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ လက်ရှိတွင် တန်ချိန် တစ်သန်းတစ်သိန်းကျော် ရှိနေကြောင်း သိရသည်။
ပြည်သိမ်း | 7day

မှတ်ချက်များ