မော်ဒယ်သရုပ်ဆောင်ဇွန်သံစဉ်ရဲ့ ပရိသတ်မသိသေးတဲ့ လျှို့ဝှက်ချက် ၁ဝချက်အကြောင်း မေးမြန်း တင်ဆက်ဖြစ်ခဲ့ရာ
(၁) ညီမအိပ်ရာနိုးတာနဲ့ အရင်ဆုံးဖုန်းကိုကြည့်ဖြစ်တယ်။ ပြီးမှ လုပ်စရာရှိတာ ဆက်လုပ်တယ်။
(၂) ညီမ ပိုးဟပ်သေးသေးလေးတွေ ကြောက်တတ်တယ်။
( ၃) ညီမမျက်နှာကို V ပုံစံဖြစ်ချင်တယ်။ ပါးရိုးကြီးလို့။
(၄)ငယ်ငယ်ကဆို အရမ်းဆိုးတယ်။ သောင်းကျန်းလွန်းလို့ ကျောင်းရဲ့ ရုံးခန်းကို ခဏခဏရောက်တယ်။ ရှစ်တန်းလောက်မှ ငြိမ်သွားတာ။
(၅) ညီမက အေးအေးဆေးဆေးနေတတ်တဲ့သူထဲမှာ ပါတယ်။
(၆) ညီမစိတ်က ဘယ်လိုလဲဆိုရင် ကောင်းတော့ကောင်းတယ်။ ဒါပေမဲ့ ဒေါသထွက်ရင်တော့ စိတ်ကမ ရဘူး။ တစ်ဖက်သားကို အားမနာတမ်းပြောတတ်တယ်။
( ၇) ငယ်ငယ်က ယောက်ျားလျာတွေလိုက်ကြိုက်တာ ခံရတယ်။
(၈) ညီမ အခု Piano Diploma ထပ်တက်နေတယ်။ စန္ဒရားသင်နေတာ အခုမှ အစပိုင်းပဲရှိသေးတယ်။
(၉) ညီမဘဝမှာ အလေးစားရဆုံးက မေမေပါ။ အနုပညာလောကထဲမှာ ဆိုရင် တော့ စီနီယာတွေအကုန် လုံးကို လေးစားပါတယ်။ သူတို့လို ပြည်သူချစ်တဲ့အနု ပညာရှင်ဖြစ်ချင်တယ်။
( ၁ဝ) ညီမက လက်ဖက်သုပ်ကို ကောင်းကောင်း သုပ်တတ်ရုံကလွဲပြီး ကျန်တဲ့ဟင်းချက်တာ တွေဘာတွေ မလုပ်တတ်ဘူး။
သုသော်ဒီ (စုစည်းသည်) | Yangon Media Group

မှတ်ချက်များ