အလှမယ် ၅ယောက် ပါဝင်တဲ့ ဆေးရုံကြီးက ဆန်ပြုတ်ဒါန
၂ဝ၁၄အတွင်း နိုင်ငံတကာအလှမယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုတွေရခဲ့တဲ့ အလှမယ်လဲ့ယမင်း၊
အေးချမ်းမြေ့၊ လှယဉ်ကျေး၊ သင်ဇာကျော်နဲ့ သဲထက်မောင်တို့ဟာ ဇန်နဝါရီ ၁၄ရက်နေ့မနက်က ရန်ကုန်
ဆေးရုံကြီးက ဆင်းရဲနွမ်းပါးတဲ့ လူနာတွေအတွက် ဆန်ပြုတ်အလှူမှာ ပါဝင်ကူညီခဲ့ကြပါတယ်။ ပရဟိတ ဆိုတာ ပေါ်ပင်မဟုတ်ဘူးလို့ ဘယ်သူက ပြောခဲ့သလဲ။
ပရဟိတ်လုပ်တယ်ဆိုတာ လူကြိုက်များအောင် ပေါ်ပင်လုပ်ရတာမဟုတ်ဘဲ အမြဲလုပ်ကိုင်နေရတာဖြစ်ပြီး လိုအပ်နေတဲ့သူတွေအတွက် လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရတာ စိတ်ချမ်းသာဖို့ကောင်းတယ်လို့ ပြော လာသူက အဇာဘိုင်ဂျန်မှာ ကျင်းပတဲ့ Miss Globe 2014 မှာ ပါဝင်ခဲ့တဲ့ အလှမယ် အေးချမ်းမြေ့က ပြော ပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ အနယ်နယ်အရပ်ရပ်ကနေ ဆင်းရဲနွမ်းပါးတဲ့ လူနာတွေကို မနက်စာအတွက် အာဟာ ရဆန်ပြုတ်လှူဒါန်းပွဲမှာ အခြားအလှူရှင်တွေနဲ့ ပူးပေါင်းပြီး အလှမယ် ၅ယောက်က လုပ်အားဒါနအဖြစ် ကူညီ ပါဝင်ခဲ့ကြပါတယ်။
ပရဟိတဆိုတာ ငွေကြေးချမ်းသာမှ လုပ်ခွင့်ရတာမျိုးမဟုတ်ဘဲ ကိုယ်တတ်နိုင်သလောက် တတ်နိုင်တဲ့ဘက် က လူသားတွေကို ကူညီတွန်းအားပေးရတာဖြစ်တယ်လို့ လဲ့ယမင်းက ပြောပါတယ်။ အလှမယ်တွေတင်မ က ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သလောက် ပရဟိတလုပ်ကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ