မုဒြာရဲ့ခေါ်သံ မြန်မာရုပ်ရှင်လောကကို ရိုက်ပုတ်နိုးတော့လေမလား


မြန်မာနိုင်ငံဖွား ရုပ်ရှင်သမားတွေရဲ့ နိုင်ငံတကာအဆင့်မီရိုက်ကူးထားတဲ့ အင်္ဂလိပ်စကားပြော အခြေခံ
 မြန်မာရုပ်ရှင်ကားဖြစ်တဲ့ မုဒြာရဲ့ခေါ်သံ Mudras Calling ဟာ တည်းဖြတ်မှုပိုင်းတွေ အပြီးသတ်နေပြီဖို့ နိုင် ငံတကာရုပ်ရှင်ပွဲတော်တွေမှာ သွားရောက်ပြသဖို့ မျှော်မှန်းနေပါပြီ။ မုဒြာခေါ်သံကို ဖန်တီးရတဲ့ အကြောင်း ရင်းကဘာလဲ။

မြန်မာနိုင်ငံကို အပြုသဘောဆောင်တဲ့ရှုထောင်ကနေ ကမ္ဘာကမြင်တွေ့သွားစေဖို့၊ နိုင်ငံတကာစံချိန်မီ မြန် မာဇာတ်ကားကို မြန်မာရှုထောင်ကနေ တင်ပြနိုင်ဖို့အတွက် ထုတ်လုပ်တာဖြစ်တယ်လို့ ထုတ်လုပ်သူ Mona E Strassburger က ကမာရွတ်မီဒီယာကို သီးသန့်ပြောပြပါတယ်။

ရုပ်ရှင်ဇာတ်ကားတစ်ကား အောင်မြင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ နိုင်ငံတကာရုပ်ရှင်ပွဲတော်
တွေမှာ ပါဝင်ပြသနိုင်ရေးနဲ့ အဲဒီပွဲတော်တွေမှာ တစ်ယောက်ယောက်က စိတ်ဝင်စားပြီး ကမ္ဘာမှာ ဖြန့်ချိပေး
နိုင်ရေးဟာ သူ့ရဲ့အိပ်မက်ပါပဲလို့ ဆိုပါတယ်။ မြန်မာပြည်မှာ ပြချင်ပေမယ့် ရုံတင်ပြသရေးအတွက် တန်းစီ
စောင့်ဆိုင်းရတာမို့ ဘယ်လောက်ကြာမယ်ဆိုတာ မသေချာတာကြောင့်ဖြစ်တယ်လို့ သူက ပြောပါတယ်။

မုဒြာရဲ့ခေါ်သံရုပ်ရှင်ကို မြန်မာနိုင်ငံဖွား အမေရိကန်မှာကြီးပြင်းတဲ့ ခရစ္စတီးနားကြည်က ဒါရိုက်တာအဖြစ် ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်မင်းသားကလည်း မြန်မာပြည်မှာမွေးပြီး အမေရိကန်ပြည်ထောင်စုမှာ ကြီးပြင်းတဲ့ Zenn ဖြစ်ပါတယ်။ ဇာတ်ဆောင်မင်းသမီးနဲ့ အခြားသရုပ်ဆောင်တွေအတွက် မြန်မာပြည်တွင်း မှာ ခေါ်ယူပြီး သီတင်း၃ပတ်ကြာ လေ့ကျင့်သင်ကြားခဲ့ပါတယ်။ အဲဒီကားရဲ့ ခေါင်းဆောင်မင်းသမီး အလှ မယ်လှယဉ်ကျေးက သရုပ်ဆောင်ရတယ်ဆိုတာ ရင်ထဲကလာတာကို လုပ်ရတာဖြစ်တယ်ဆိုတဲ့ Acting နည်းပြရဲ့လေ့ကျင့်ပေးမှုအတိုင်း ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

ဇာတ်ကားမရိုက်ခင် ဇာတ်ညွှန်းကို ကြိုတင်လေ့လာပြီး ဒါရိုက်တာက ဇာတ်ဝင်ခန်းနဲ့ လိုက်ဖက်မယ့် အဝတ် အစား၊ အရောင်တွေကို အသေးစိတ်စီစဉ် ရွေးချယ်ပေးတဲ့အကြောင်း၊ နှင်းသူဇာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ တဲ့ဒီဇာတ်ကားကနေ ရလာတဲ့စိတ်ကူးကတော့ အခွင့်အလမ်းတွေ ပေါ်လာနေပြီမို့ လူငယ်တွေအနေနဲ့ ကြိုးစားဖို့ပဲဖြစ်တယ်လို့ ဆိုပါတယ်။

မုဒြာရဲ့ခေါ်သံ Mudras Calling ဇာတ်ကားကို ၂ဝ၁၄ခုနှစ်မတ်လကစပြီး မန္တလေး၊ ပုဂံ၊ အင်းလေး စတဲ့
 မြန်မာပြည်ရဲ့အလှဆုံးနေရာတွေမှာ ရွေးချယ်ရိုက်ကူးခဲ့ပြီး မြန်မာပြည်မှာ မွေးဖွားပြီး အမေရိကန်မှာ ကြီးပြင်းခဲ့ရတဲ့ လူငယ်တစ်ယောက် ဂီတပညာရပ်အတွက် မြန်မာ့ရိုးရာအကနဲ့ဂီတကို လေ့လာဖို့ ဇာတိမြေ ကို ပြန်လည်ရောက်ရှိလာရာက နှင်းသူဇာနဲ့ တွေ့ခဲ့ပြီး သူ့ဘဝအကြောင်း ပြန်လည်ရှာဖွေတွေ့ရှိမိတဲ့ ဇာတ် လမ်းဖြစ်ပါတယ်။

မြန်မာပြည်ဟာ ဘယ်လောက်လှပသလဲ၊ မြန်မာပြည်ဖွားတွေက နိုင်ငံတကာစံချိန်စံညွှန်းမီမီ ဖန်တီးထားတဲ့ လှပတဲ့ ရုပ်ရှင်ကားမျိုးကို နိုင်ငံတကာက သိစေချင်တယ်လို့ Mona က ဆိုပါတယ်။ အနာဂတ် မြန်မာ့ရုပ် ရှင်လောကအတွက်လည်း မျှော်လင့်ချက်တွေ ရှိတယ်လို့ ပြောပါတယ်။



kamayutmedia


မှတ်ချက်များ