
Art People Gallery က မနေ့က တင်လိုက်တဲ့ အီတလီက ဒစ်ဂျစ်တဲလ် အနုပညာရှင် Cristina Guggeri ရဲ့ "တာဝန်"လို့ နာမည်ပေးထားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ အိမ်သာတက်နေတဲ့ပုံတွေဟာ ဆိုရှယ်မီဒီ ယာတွေမှာ တမဟုတ်ချင်း နာမည်ကြီး လူကြိုက်များသွားတယ်။ ဒါကို အနုပညာနဲ့ ဓာတ်ပုံပညာအရ photomontage လို့ ခေါ်ပါတယ်။
မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေကို ဒီလိုလုပ်ရင် မီဒီယာဥပဒေအရ အရေးယူခံရနိုင်ဖွယ် ရှိပြီး ဘာသာ
ရေးခေါင်းဆောင်တွေ ပါတာမို့ ဘာသာရေးကို ထိခိုက်စော်ကားမှုတွေနဲ့ပါ အမှုတွေ တသီချည်း ဖြစ် သွားနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ အနုပညာဖန်တီးချက်ပါတဲ့။ အီတလီအနုပညာရှင် ဒီဖန်တီးချက်တွေက တဆင့် ပြောလိုတာကတော့ "သူတို့လည်း ခင်ဗျားတို့လိုပဲ။ မနက်တိုင်း အီအီးပါရတယ်"တဲ့။
ဧရာဝတီ








မှတ်ချက်များ