နိုင်ငံကျော်အဆိုတော် လေးဖြူက မန္တလေးမြို့မှာ ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ပညာရေး ကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေရှာဖွေရေး ဂီတပွဲကို လာရောက်သီဆိုဖြစ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး စင်အောက်မှာ အားပေးနေတဲ့ မြို့ခံပရိသတ်တွေကို သီချင်းမဆိုခင် အရင် ရှင်းပြခဲ့ပါတယ်။
NLD ပါတီရဲ့ ပညာရေး ရန်ပုံငွေပွဲကို မန္တလေးမြို့ Mandalay Hill ဟိုတယ်မှာ မနေ့ညက ကျင်းပခဲ့တာဖြစ်
ပြီးပရိသတ် ၆၀၀၀ ကျော် လာရောက် အားပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ အဆိုတော် လေးဖြူက သူလာရောက် သီဆိုဖြစ်ရတဲ့ အကြောင်း အရင်းကို ပရိသတ်တွေကို ရှင်းပြသွားတာဖြစ်ပါတယ်။
လေးဖြူက “ကျနော်တို့နိုင်ငံရဲ့ ပညာရေးဟာ အရေးကြီးတယ်။ ပြန်ပြောမယ် ပညာရေးဟာ အရေးကြီး တယ်။ အဲဒီ Massage ပေးချင်လို့ ဒီပွဲကိုဆိုတာ” လို့ စင်ပေါ်ကနေ ပရိသတ်တွေကို ရှင်းပြသွား ပါတယ်။
အဲဒီပွဲကို မြန်မာနိုင်ငံရဲ့ နာမည်ကြီး Iron Cross တီးဝိုင်းနဲ့ အတူ လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း၊ ဆုန်သင်း ပါရ်၊ စိုးပြည့်သဇင်နဲ့ ဒေးဗစ်ခွန်နောင်တို့ ပါဝင်သီဆိုခဲ့ကြပြီး Iron Cross အဖွဲ့နဲ့ သီဆိုဖျော်ဖြေသူ အဆို
တော်အားလုံးက ပညာရေး ရန်ပုံငွေပွဲအတွက် အခမဲ့သီဆိုပေးကြတာ ဖြစ်တယ်လို့ ပွဲစီစဉ်သူ တာဝန်ရှိသူ တဦးဖြစ်တဲ့ မန္တလေးတိုင်း NLD က ကိုမျိုးနိုင်က ဧရာဝတီကို ရှင်းပြပါတယ်။
ပညာရေး ရန်ပုံငွေပွဲမှာ လာရောက်သီဆိုရတဲ့ အကြောင်းအရင်းကို ရှင်းပြတဲ့ လေးဖြူရဲ့ သတင်းစကားအ ဆုံးမှာ မန္တလေး ပရိသတ်တွေက လက်ခုပ်သြဘာပေး ချီးမြှောက်ခဲ့ကြသလို၊ ဗိုလ်ချုပ်အောင်ဆန်း နှစ်တရာ
ပြည့် အကြောင်းကို အမွှန်းတင် ပြောဆိုသွားတဲ့ အဆိုတော် မျိုးကြီးရဲ့ စကားအဆုံးမှာလည်း လက်ခုပ်သြ ဘာ ပေးခဲ့ကြတယ်လို့ဆို ပရိသတ်တွေ ဆီက သိရပါတယ်။
“နိုင်ငံတော် သီချင်းကို တီးခတ်တဲ့ အချိန်မှာဆိုရင် ရင်ဘတ်ထဲက အသိစိတ်နဲ့ အလိုလိုနေရင်း မတ်တပ်ထ ရပ်မိတယ်။ ထိုင်နေတဲ့ ပရိသတ်တွေ အားလုံးလည်း တပြိုင်တည်း ထရပ်ကြတယ်။ ရင်ထဲလှိုက်ပြီး မျက် ရည်တောင်လည်တယ်” လို့ မန္တလေးသား ကိုစိုးကြီး ကလည်း ဧရာဝတီကို ပြောပါတယ်။
ပွဲစီစဉ်သူ ကိုမျိုးနိုင်က “မန္တလေးမှာက အရင်တုန်းက IC ပွဲဆိုရင် ရော့ဂီတနဲ့ ကကြရင်၊ ရုန်းရင်းဆန်ခတ် နဲ့ ပြဿနာတွေ ဘာတွေ တက်တာရှိတယ်။ ဒီပွဲကတော့ တော်တော်လေးကို စည်းကမ်းတကျ အားပေးကြတာ
တွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ပညာရေးရံပုံငွေပွဲနဲ့ အဆိုတော်တွေ အပေါ်မှာ လေးစား အသိအ မှတ်ပြုလိုက်ကြ သလိုပါပဲ” လို့ ဆိုပါတယ်။
ပညာရေး ရန်ပုံငွေပွဲကို လူဦးရေ ၆ ထောင်ကျော် လာရောက်အားပေးခဲ့ကြပြီး ထိုင်ခုံကြေးတွေကို ကျပ် ၃
သောင်း၊ ၂ သောင်းခွဲ၊ ၂ သောင်းနဲ့ ခုံမဲ့ကို ၁ သောင်းကျပ် ရောင်းချခဲ့ကြောင်း၊ ဝင်းကြေးနဲ့ အလှူငွေတွေအပါ အဝင် ကျပ် သိန်း ၈၀၀ ဝန်းကျင် ရရှိခဲ့ကြောင်းလည်း သိရပါတယ်။
ရရှိတဲ့ ရန်ပုံငွေတွေကို အထက်မြန်မာပြည် အမေ့အိမ် ပညာဒါနကျောင်းတွေမှာ အသုံးပြုသွားမယ်လို့လည်း သိရပါတယ်။
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာလည်း အခုလ ၁၀ ရက်နေ့က NLD ပါတီရဲ့ ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန် ပုံငွေရှာဖွေရေး ဂီတပွဲကို ကျင်းပခဲ့ပြီး နာမည်ကြီးအဆိုတော်တွေ၊ လူရွှင်တော်တွေ လာရောက်ဖျော်ဖြေ တင်ဆက်ခဲ့ကြ ပါသေးတယ်။
ကျော်ခ | ဧရာဝတီ

မှတ်ချက်များ