ဘရုစ်လီကဲ့သို့ နံချပ်ကူ ကျွမ်းကျင်စွာ ကစားပြနိုင်သည့် (၄)နှစ်အရွယ် တရုတ် ကလေးငယ်


နာမည်ကျော် ကွန်ဖူးမင်းသားဟောင်း ဘရုစ်လီကို အတုယူကာ နံချပ်ကူ စွမ်းရည် ပြသနေသည့် (၄)နှစ် သားကလေးငယ် တစ်ဦး၏ ဗီဒီယိုသည် Social Mediaများမှတစ်ဆင့် လူပြောများသည့် သတင်းတစ်ခု ဖြစ် လာခဲ့သည်။

အဆိုပါ တရုတ်ကလေးငယ်သည် ကွယ်လွန်သူ အက်ရှင်မင်းသားကြီး ဘရုစ်လီ၏ နံချပ်ကူဖြင့် လှုပ်ရှား တိုက်ခိုက်နေမှုများကို ထပ်တူနီးပါးမျှ လိုက်လံတုပ ပြုလုပ်နေသည်ကို အဆိုပါ ဗီဒီယိုအတွင်း တွေ့ရှိရ သည်။

ကလေးငယ်၏ နောက်ဘက်ရှိ TVတွင် ဘရုစ်လီ ဇာတ်ကားများ ဖွင့်ထားပြီး ကလေးငယ်က ဘရုစ်လီ၏ လှုပ်ရှားမှုအတိုင်း နံချပ်ကူကို ကစားပြနေခြင်း ဖြစ်သည်။ ကလေးငယ်သည် နံချပ်ကူကို လက်နှစ်ဖက်စ လုံးဖြင့် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်ပြီး အလွန်လျင်မြန် ဖြတ်လတ်စွာ ကစားပြနေခြင်း ဖြစ်သည်။

၎င်း၏ ဗီဒီယို အင်တာနက်တွင် ပျံ့နှံ့လာပြီးနောက် ကြည့်ရှုသူများက ကလေးငယ်သည် အနာဂတ် ကွန်ဖူး မင်းသားတစ်လက် ဖြစ်လာနိုင်ကြောင်း ထောမနာပြု ရေးသားခဲ့ကြသည်။ အချို့ကလည်း ဘရုစ်လီ ဝင်စား သည့် ကလေးငယ်ဟု မှတ်ချက်ပြုကြသည်။

နံချပ်ကူသည် ရှေးဟောင်း ဂျပန်ရိုးရာ လက်နက်တစ်ခုဖြစ်ပြီး ဘရုစ်လီက ရုပ်ရှင်ဇာတ်ကားများတွင် ကိုင် တွယ် အသုံးပြုပြသည့်နောက် (၁၉၇၀)ကျော် နှစ်ပိုင်းများတွင် ကမ္ဘာသိ ထင်ရှားလာခဲ့သည်။



7day

မှတ်ချက်များ