အစိုးရမူဝါဒအပြောင်း ကားဝယ်ရောင်းဈေးကွက် ထိုးရပ်
သက်တမ်း ၂ဝရှိတဲ့ ကားအိုကားဟောင်းတွေအပါအဝင် အစိုးရကလေလံတင် ရောင်းထားတဲ့ ကားဟောင်း
တွေဒီဇင်ဘာ ၂၇နောက်ဆုံးထား အပြီးပိတ်သိမ်းပြီးနောက်ပိုင်း မြန်မာအစိုးရရဲ့ ကားတင်သွင်းခွင့် မူဝါဒ
ပြောင်းလဲသွားခဲ့ပါတယ်။ အကျိုးဆက်အနေနဲ့ ဖရီးပါမစ်နဲ့ တင်သွင်းတာနည်းလာသလို ရောင်းအားလည်း ထိုးကျလာနေတယ်လို့ ကားဈေးကွက်က ဆိုပါတယ်။
၂ဝ၁၄ နိုဝင်ဘာကနေ ၂ဝ၁၅ ဇန်နဝါရီထဲ ကားတင်သွင်းမှုရပ်ဆိုင်းသွားသလို ဖရီးပါမစ်နဲ့တင်သွင်းခဲ့တဲ့ ကားတွေလည်း ကားရပ်နားဖို့နေရာရှိတယ်ဆိုတဲ့ ထောက်ခံချက်ပြရတာကြောင့် Showroomပါမစ်နဲ့သွင်းနဲ့ စလစ်ကပ်တဲ့ကားတွေ ပြန်ဦးမော့လာပါတယ်။ ဖရီးပါမစ်နဲ့သွင်းထားတဲ့ကားတွေ ဆိပ်ကမ်းမှာ ၂၁ရက်အ တွင်း ထုတ်ပြီးအခွန်မဆောင်ရင် တစ်ရက်ဒဏ်ကြေး ၃ထောင်ဖြစ်တာကြောင့် တစ်နှစ်အတွင်း ကားမ
ရောင်းရရင် ၁ဝနီးပါးရှုံးနေပြီမို့ Showroom တွေ အရှုံးကို ရင်ဝယ်ပိုက်နေရပါတယ်။
ကားအရောင်းအဝယ်တွေ ထက်ဝက်လောက်နီးပါး ကျဆင်းသွားတာကြောင့် ကားတင်သွင်းဖို့ အစိုးရမူဝါဒ ကိုပဲ စောင့်ကြည့်နေရဆဲလို့ အောင်ကမ္ဘာကားပြခန်းက ကိုငယ်က ပြောပါတယ်။ လူကြိုက်များတဲ့ ရွှေငါး ရုပ်ပြောင်းတွေ ကတော့ သိန်း ၁၅ဝ ဝန်းကျင်လောက်နဲ့ အရောင်းအဝယ်ပြန်ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။
ဒီဇင်ဘာတုန်းကတော့ CNF ထွက်ဖို့ ကားဝယ်ရောင်းသမားတွေအားလုံး မျှော်လင့်ခဲ့ကြပေမယ့် မျှော်လင့်သ လို ဖြစ်မလာခဲ့တာကြောင့် ဆိပ်ကမ်းရောက်ကားတွေကို အသည်းအသန်ဆွဲထုတ်ခဲ့ရပြီး ဖရီးပါမစ်နဲ့ တစ်
ယောက်ချင်းတင်သွင်းသူတွေက နစ်နာမှုတွေရှိတယ်လို့ ကားဝယ်ရောင်းလုပ်သူ ကိုအေးမင်းက ဆိုပါတယ်။
အစိုးရရဲ့မူဝါဒတွေကို ကြိုတက်ရက်ခွာပြီး ထုတ်ပြန်စေချင်သလို ဖရီးပါမစ်နဲ့ ဝယ်ရောင်းလုပ်နေသူတွေက Showroom တွေလို အခွန်မဆောင်တာ မှန်ပေမယ့် ကားစီးမယ့်သူတွေအတွက်တော့ နစ်နာတယ်လို့ ဆိုပါတယ်။ တင်သွင်းသူတွေ ကမောက်ကမဖြစ်နေတယ်လို့လည်း ပြောပါတယ်။
အစိုးရရဲ့နောက်ဆုံးမူဝါဒအရ ကားဈေးနှုန်းတွေတက်လာဖို့ မရှိပေမယ့် သိန်း၁ဝဝမှာ ၅သိန်းလောက်အပို
ခေါ်ပြီး ရောင်းဝယ်နေကြတာမို့ လက်တွေ့မှာတော့ ယာဉ်ရောင်းဝယ်ရေးစခန်းတွေမှာ အရောင်းအဝယ်တွေ ထင်သလောက်မဖြစ်ကြဘူးလို့ ကားပွဲစားတစ်ယောက်က ပြောပါတယ်။ ကားတင်သွင်းခွင့်ရပြီးနောက် ကားစီးသူတွေလက်ထဲ ကားတွေအများကြီးရောက်ကုန်တာမို့ အရောင်းအဝယ်ပါးတာဖြစ်လို တစ်စီးထက်ပို ရင် အခွန်ဆောင်ရမယ်ဆိုတဲ့အချက်ကတော့ သေသေချာချာ မသိရသေးဘူးလို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ