ခေါင်းဖြတ်သတ်ခံရသော ပြင်သစ်ခရီးသွား၏ အလောင်းကို အယ်လ်ဂျီယားမြို့တွင် ရှာဖွေတွေ့ရှိ
အယ်လ်ဂျီရီးယားစစ်တပ်သည် လွန်ခဲ့သောလများက ဂျီဟတ်ဒစ်များ ခေါင်းဖြတ်ခဲ့သော ပြင်သစ်ခရီးသွား ဟာ့ဗ်ဂူအာဒယ်လ်၏ အလောင်းကို ယမန်နေ့က ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းအရ သိရသည်။
ဂူအာဒယ်လ်၏ အလောင်းကို အယ်လ်ဂျီးယားမြို့ အရှေ့ပိုင်း ၁၂ဝ ကီလိုမီတာအကွာအဝေးရှိ တီဇီအူဇူ
ပြည်နယ်၏ ဒီဂျာဂျူရာတောင်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာနက ပြော သည်။ ထိုအလောင်းကို DNA စစ်ဆေးရန် ပြင်ဆင်နေကြောင်း သိရသည်။
ဟာ့ဗ်ဂူအာဒယ်လ်သည် ယမန်နှစ် စက်တင်ဘာ ၂၁ ရက်က ဒီဂျာဂျူရာ တောင်တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ် ပြီး နှစ်ရက်ခန့်အကြာတွင် ၄င်းအား ခေါင်းဖြတ်သတ်သည့် ဗီဒီယို အွန် လိုင်းတွင် ပေါ်ထွက်လာခဲ့သည်။
ပြည်တွင်းလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ က ထိုပြစ်မှုအတွက် တာဝန်ရှိကြောင်း၊ ၄င်းတို့သည် IS တို့ကို သစ္စာ ခံရန် ထိုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။
လူသတ်သမားကို ရှာဖွေရန် တီဇီအူဇူပြည်နယ်ရှိ တောင်များတွင် စစ်သား ၃ဝဝဝ ခန့်ကို တပ်ဖြန့်ထားခဲ့ သည်။ ယမန်နှစ် ဒီဇင်ဘာလက ပြည်တွင်း လက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင် အဗ္ဗဒယ်မာလက်ဂူရီအား သတ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာခဲ့သည်။
Democracytoday

မှတ်ချက်များ