ဂါဇာကမ်းမြောင် စစ်မဲ့ဇုန်တစ်လျှောက် အီဂျစ်က နေအိမ် ၂၀၀၀ ကျော်ဖြိုချ
ဂါဇာကမ်းမြောင် ဒေသ တစ်လျှောက် စစ်မဲ့ဇုန်ချဲ့ထွင်ရန် အလို့ငှာ ဆိုင်းနိုင်းကျွန်းဆွယ် ရှိ နေအိမ်အလုံး ၂ဝဝဝ ကို အီဂျစ်စစ်တပ်က စတင်ဖျက်ဆီး လျက်ရှိသည်။
အီဂျစ်တပ်ဖွဲ့ဝင်များက နယ်စပ်မှ မီတာ ၅ဝဝ အတွင်းရှိ အဆောက်အအုံများကို ဖျက်ဆီးလိမ့်မည် ဖြစ်
ကြောင်း အီဂျစ်မီဒီယာများက တနင်္ဂနွေနေ့ သတင်းတွင် ဖော်ပြသည်။
အဆိုပါ နေအိမ်များ ဖြိုဖျက်မှုသည် သေနတ်သမားများက အောက်တိုဘာလ အတွင်း ၎င်းဒေသရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်များ များစွာ သေဆုံးခဲ့ ပြီးနောက် ဒုတိယ အကြိမ်မြောက် ဆောင်ရွက်ခြင်း ဖြစ်သည်။
ပထမအဆင့်အနေဖြင့် အဆိုပါစစ်မဲ့ဇုန်အတွင်း နေအိမ်အလုံး ၈ဝဝ ဖြိုချဖျက်ဆီးခဲ့သည်။ ဂါဇာ ကမ်းမြောင် ဘက်မှ လူများဝင်ရာက်လာမှုကို တားဆီးသည့်အနေဖြင့် ယင်းကဲ့သို့ဖျက်ဆီးခြင်းဖြစ်သည်ဟု ဆိုသည်။
အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခဲ့သော သမ္မတမိုဟာမက်မော်စီ ရာထူးမှ ဖယ်ရှားခံရပြီးနောက် အီဂျစ်စစ်တပ်က ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်နိုင်သည့် ဥမင် လိုဏ်ခေါင်းများကို လေ့လာစောင့်ကြည့်မှုပို၍ လုပ်ဆောင်ခဲ့သည်။
လက်ရှိအီဂျစ်အစိုးရအနေဖြင့် ယနေ့အထိ လိုဏ်ခေါင်း ၁၆ဝဝ ကို ဖြိုချခဲ့ပြီးဖြစ်သည်။
Myanmaalinn

မှတ်ချက်များ