Calvin Klein ကြော်ငြာမှာ Justin Bieberနဲ့ အတူတွဲရိုက်ခဲ့တဲ့ မော်ဒယ် Lara Stoneကို ခြိမ်းခြောက်ခံနေရ
Calvin Klein အတွင်းခံကြော်ငြာအတွက် Justin Bieberနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ မော်ဒယ်မလေး Lara Stone ဟာ Bieber ပရိသတ်တွေရဲ့ ခြိမ်းခြောက်စာတွေကို လက်ခံရရှိနေတယ်လို့ သိရပါတယ်။ Bieber ရဲ့ ခန္ဓာကိုယ် အချိုးအစားအတွက် ဘယ်လိုပဲ ဖိုတိုရှော့နဲ့ပြင်ပြင် သူတို့စိတ်မ၀င်စားဘူးလို့ ဆိုလိုက်တဲ့ Bieber ပရိသတ်တွေဟာ မော်ဒယ်မလေးကို Biber နဲ့ ဒီလောက်ကပ်ပြီး ရိုက်စရာ မလိုတဲ့အကြောင်း အပြစ်တင်ထားကြတဲ့အပြင် Twitter မှာလည်း နောက်ဆုတ်ရင်ဆုတ်၊ မဆုတ်ရင် အသတ်ခံရမယ် ဆိုပြီး ရေးသားကြတယ်လို့ သိရပါတယ်။
TMZ ရဲ့ ဖော်ပြချက်အရ Lara Stone ကို သတ်မယ်တကဲကဲဖြစ်နေကြတဲ့ ဆယ်ကျော်သက်တွေ အများကြီး ရှိနေပြီး ဒီအဖြစ်အပျက်ဟာ တော်တော်လေး စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ရေးသားထားပါတယ်။
Trend Myanmar

မှတ်ချက်များ