မြောက်ကိုရီးယား၏ ဖိအားပေးမှုကြောင့် The Interview အခွေများ ရန်ကုန်တွင် လိုက်ဖမ်း


အမေရိကန် ဆိုနီရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီက မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို သရော်
 ဝေဖန်သည့် အနေဖြင့် ရိုက်ကူးထုတ်လုပ်ထားသော The Interview ရုပ်ရှင် ဇာတ်လမ်း အခွေများ ရောင်း ချ မှု များကို ရန်ကုန်မြို့ရှိ မြောက်ကိုရီးယားသံရုံး၏ ကန့်ကွက်မှုကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လိုက် လံ ဖမ်းဆီး သိမ်းဆည်း လျက် ရှိကြောင်း သတင်းရရှိသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကို သရော်လှောင်ပြောင်ထားသော The Interview ဇာတ်လမ်းခွေများ ရန်ကုန် မြို့ တွင် ရောင်းချနေမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားသံအမတ် Mr.Kim Sok Chol က ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ကို ဇန်န၀ါရီလ ၁၁ ရက်နေ့ တွင် သွားရောက်တွေ့ဆုံ၍ ဖိအားပေးမှု များရှိကြောင်း၊ The Interview ဇတ်လမ်း ခွေများရောင်းချသော နေရာများကို မြောက်ကိုရီးယားသံရုံး စာ ရင်း ပြုစု၍ ရန်ကုန်တိုင်းအစိုးရထံ ပေးပို့ခဲ့ ပြီးနောက် ရဲတပ်ဖွဲ့က ဆက်တိုက်ဆိုသလို ဖမ်းဆီးမှုများလုပ်
ဆောင်နေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

The Interview ဇာတ်လမ်းရုပ်ရှင် အခွေများကို ရောင်းချခြင်းမပြုရန် ရဲတပ်ဖွဲ့က အခွေရောင်းချ သူများကို အထူးသတိပေးလျက် ရှိကြောင်း သိရှိရသည်။

“ The Interview ဇာတ်လမ်းခွေတွေကို ဆက်မရောင်းဖို့ လာပြောတယ်။ ဆက်ရောင်းရင် ဆိုင်ပါ အပြီး ပိတ်ပစ်မယ် ပြောလို့ ကျနော်ကြောက်ပြီး ဒီနေ့ ဆိုင်မဖွင့်ရဲဘူး”ဟု ကျောက်တံတားမြို့နယ်တွင် အခွေဆိုင် ဖွင့်လှစ် ထားသူ တဦးက ဧရာဝတီသို့ ပြောသည်။

မြောက်ကိုရီးယားသံရုံး၏ အကြောင်းကြားမှုကြောင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က The Interview ရုပ်ရှင်ဇတ် လမ်းခွေများ ရောင်း ချသော ရန်ကုန်မြို့၊ မဟာဗန္ဓုလ ပန်းခြံ အနီးရှိ Movie Mark ဆိုင်၊ လသာမြို့နယ်၊ ဘုန် ကြီးလမ်းရှိ M2M ဆိုင် တို့ကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

“Interview အခွေတွေ မရောင်းရဘူးလို့ ပြောထားတယ်။ ရောင်းရင်ဖမ်းမယ်လို့ရဲတွေက ပြောထားတယ်” ဟု ယုဇနပလာဇာမှ ဇာတ်လမ်းရုပ်ရှင်ခွေများ ဖြန့်ဖြူးရောင်းချနေသူတဦးက ပြောသည်။

မြောက်ကိုရီးယားသံရုံး၏ ဖိအားပေးမှုကြောင့် The Interview ဇတ်လမ်းရုပ်ရှင်အခွေများကို သက်ဆိုင်ရာ ကဖမ်းဆီး နေသော် လည်း ယင်းသို့ ဖမ်းဆီးမှုများကို သတင်းထုတ်ပြန်ခြင်းမရှိဘဲ လျှို့ဝှက်စွာ လုပ်ဆောင်
ခြင်းဖြစ်ကြောင်း သိရှိရ သည်။

ဧရာဝတီသတင်းဌာနက ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များထံသို့ မေးမြန်းသောအခါ The Interview ဇတ်လမ်း ရုပ်ရှင် ကို တခုတည်းကိုသာ ဦးတည်ဖမ်းဆီးခြင်းမဟုတ်ဘဲ ပုံမှန် လုပ်ရိုးလုပ်စဉ် ဆင်ဆာမဲ့အခွေများ ဖမ်း ဆီးခြင်းဟု ပြန်လည် ဖြေဆိုသည်။

“ဆင်ဆာမဲ့ အခွေတွေ ၀င်ဖမ်းတာပါ။ ဘယ်ကညွှန်ကြားချက်နဲ့မှ ဖမ်းတာမဟုတ်ပါဘူး။ ဖမ်းတဲ့ အထဲမှာ အင်္ဂလိပ် ကား တွေရော၊ အဲဒီ Interview ဇာတ်ကားလည်း ပါလာတာပါ။ အရင်ကလည်း ဖမ်းနေကျပါ။ အဓိက ကတော့ မြန်မာ ဇာတ်ကားတို့၊ မြန်မာ သီချင်းခွေတွေ ဖမ်းတာပါ” လသာမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲ မှူး ကျော်ကျော် အောင်က ဧရာဝတီ သို့ ပြောသည်။

The Interview ဇာတ်ကားကို ဆိုနီရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၄၄ သန်း ခန့်အ ကုန် အကျခံ ရိုက်ကူးထားပြီး ဂျိမ်းစ် ဖရန်ကိုနှင့် ဆက်သ်ရိုဂန်တို့က အဓိက ပါဝင်သရုပ်ဆောင် ထား ပြီး သတင်း ထောက်၂ ဦးက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အင်တာဗျူးပြီးနောက် ကင်ဂျုံအန်း ကို လုပ်ကြံရန် ကြိုးပမ်းသည့် ဟာသ ဇတ်လမ်းပုံစံ ရိုက်ကူးပုံဖော်ထားခြင်းဖြစ်သည်။

ဘုန်းမြတ် | 7day

မှတ်ချက်များ