![]() |
| Samsung Galaxy Note Edge ပုံဖြစ်သည် |
သတင်းများ၏ ဖော်ပြချက်အရ Samsung သည် ၎င်း၏စမတ်ဖုန်းများတွင် ပလတ်စတစ်ဒီဇိုင်းများ အသုံးပြု
နေခြင်းအစား သတ္တုကိုယ်ထည်များဖြင့် ပြောင်းလဲ အသုံးပြုဖွယ်ရှိနေသည်။ သို့ရာတွင် ကုမ္ပဏီအနေဖြင့် ထုတ်ကုန်သစ်တွင် သတ္တု ဖြင့်လည်းကောင်း သို့မဟုတ် သတ္တုနှင့် ပလတ်စတစ် ရောနှောခြင်းဖြင့် လည်း
ကောင်း ဒီဇိုင်းပြုလုပ်ထားခြင်း ရှိ၊ မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ သို့သော်လည်း အစောပိုင်းက
ပေါက်ကြားထွက်ပေါ်ခဲ့သော Galaxy S6 ဓာတ်ပုံများအရ ၎င်းစမတ်ဖုန်း၏ ဘေးဘောင်များကို သတ္တုဖြင့် ဖန် တီးထားခဲ့သလို မကြာမီက မိတ်ဆက်ပေးခဲ့သော Galaxy A7 စမတ်ဖုန်းကိုလည်း သတ္တုဘေးဘောင်ဖြင့် သာ ဖန်တီးထုတ်လုပ်ခဲ့သည်။
Samsung သည် Moto 360 နှင့်ဆင်တူသော မျက်နှာပြင်ဝိုင်းသဏ္ဍာန်ရှိသည့် စမတ်နာရီသစ်ကိုလည်း မိတ်ဆက်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသေးသည်။ ထိုစမတ်နာရီနှင့် စမတ်ဖုန်းများကို မတ် လတွင် ပြုလုပ်မည့် Mobile World Congress တွင် ထုတ်ဖော် ပြသသွားဖွယ်ရှိကြောင်း Business Insider မှဖော်ပြခဲ့သည်။
Internet Journal

မှတ်ချက်များ