ဂျုံမှုန့်တစ်မျိုးတည်းနဲ့လုပ်ထားပြီး ကျန်းမာရေးနဲ့လည်းညီညွတ်၊ သဘာဝအနံ့အရသာနဲ့လည်း ပြည့်စုံတဲ့ လက်လုပ်ခေါက်ဆွဲစစ်စစ် စားသုံးချင်သူတွေအတွက် နာနတ်တောနဲ့ ကျွန်းတောလမ်းထောင့်ကပျော်ရွှင် မှုလို့ အဓိပ္ပာယ်ယူနိုင်တဲ့ Ureshi Kitchen မှာ ဈေးနှုန်းအသင့်အတင့်နဲ့ ရနိုင်ပါပြီ။
စားသုံးသူတွေကို ပျော်ရွှင်စေချင်လို့ Ureshi လို့နာမည်ပေးထားတယ်လို့ စတင်ရှင်းပြလာသူက စားဖိုမှူး
မောင်လှပါ။ သူတို့ဆီမှာ ရောင်းချတဲ့ Ramenတွေကို ဆား၊ ဆိုဒါမပါဘဲ မြန်မာဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ လက်လုပ်ခေါက်ဆွဲစစ်စစ်ပါလို့ ဆိုပါတယ်။ ကြက်ဥလည်းမသုံးဘဲ ဂျုံမှုန့်နဲ့ရေပဲ သုံးထားလို့ သက်သက် လွတ်စားသူတွေအတွက်ပါ အဆင်ပြေမှာဖြစ်လို့ ခေါက်ဆွဲပြုလုပ်ပုံကို သူက အခုလို ရှင်းပြပါတယ်။
စားသောက်ဖို့ မှာယူတဲ့အချိန်ကျမှ လတ်လတ်ဆတ်ဆတ် ဖြတ်တောက်ပေးတာဖြစ်ပြီး အသင့်လုပ်ခေါက် ဆွဲတွေနဲ့ အရသာလည်းကွာသလို သူတို့ဆိုင်မှာ လူကြိုက်အများဆုံးကတော့ ဂျပန်ပဲပိစပ် အစပ်အရသာ ရှိတဲ့ Chicken Broth Ramen လို့ ဆိုပါတယ်။ မြန်မာအရသာအကြိုက် ချဉ်ငံစပ်ရဖို့ ပုစွန်ခြောက်၊ ကြက် သွန်၊ ဂေါ်ဖီ၊ ထိုင်ဝမ်မုန်ညှင်း၊ ထောပတ်တွေနဲ့ ကိုယ်တိုင်ချက်တဲ့ ဒီခေါက်ဆွဲအကြောင်း ဂျပန်ဆိုင်တွေမှာ ၁၇နှစ်ကြာ အတွေ့အကြုံရှိသူ စာဖိုးမှူးကြီးက အခုလို ဆိုပါတယ်။
Ramen မျိုးစုံအပြင် ဂျပန်အစားအစာ အစုံအလင်ရနိုင်ပြီး ဆိုင်ဖွင့်တာ ၆လပဲရှိသေးတဲ့ Ureshi Kitchen ဟာ စားသုံးသူတွေ တန်ရာတန်ကြေးပေးရတာနဲ့တန်အောင် အစားအသောက်တွေကို စိတ်ရှည်လက်ရှည် လုပ်ပေးပြီး နောက်တစ်ခါထပ်လာစားချင်အောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ