ပြည်သူ့လွှတ်တော်ရဲ့ အများပြည်သူအကျိုးစီးပွားအတွက် တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကို ဆောင် ရွက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌတာဝန်ပေးပြီး တရားဥပဒေစိုး မိုးရေးစင်တာတွေ တည်ထောင်ဖို့ ညှိနှိုင်းရေးအဖွဲ့ ဇန်နဝါရီ ၇ရက်နေ့က ဖွဲ့စည်းထားတဲ့အကြောင်း သူရဦး
ရွှေမန်းက ဇန်နဝါရီ ၁၉ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
အဖွဲ့ဝင် ၁၃ဦးပါဝင်တဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ အရင်ကဖွဲ့ထားတဲ့ ဝန်ကြီးဌာနအသီးသီးမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ စောင့်ကြည့်ရေး ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကို လုပ်ပိုင် ခွင့်ထပ်ပေးလိုက်တာပဲလို့ လွှတ်တော်အမတ် ဦးဝင်းမြင့်က သုံးသပ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီမှာ အတွင်း
ရေးမှူးတာဝန်ယူနေတဲ့ ဦးဝင်းမြင့်က အသစ်ဖွဲ့စည်းလိုက်တဲ့ ညှိနှိုင်းရေးအဖွဲ့မှာလည်း အတွင်းရေးမှူးအဖြစ် ထပ်ပြီးတာဝန်ယူရမှာဖြစ်ပါတယ်။ နိုဝင်ဘာကုန်ပိုင်းက ဖွင့်လှစ်လိုက်တဲ့ မန္တလေးနဲ့ လားရှိုးက တရားဥပဒေ စိုးမိုးရေးစင်တာတွေအတွက် အားသာချက်၊ အားနည်းချက်တွေကိုလေ့လာပြီး ဆက်အကောင်အထည်ဖော် ဖို့ လုပ်ခိုင်းတာဖြစ်တယ်လို့ ရှင်းပြပါတယ်။
လွှတ်တော်သက်တမ်း ၄နှစ်အတွင်း ပြင်ဆင်ခဲ့တဲ့ ဥပဒေပေါင်း ၅၅ခု၊ အသစ်ရေးဆွဲပြဌာန်းခဲ့တဲ့ဥပဒေပေါင်း
၂၆ခု၊ ရုပ်သိမ်းခဲ့တဲ့ ဥပဒေ ၁၄ခုအပါအဝင် ဥပဒေစုစုပေါင်း ၁၃၃ခုကို ပြဌာန်းဆောင်ရွက်နိုင်ခဲ့တယ်လို့ ၁၂ ကြိမ်မြောက် ပြည်သူ့လွှတ်တော်ရဲ့ ပထမနေ့အစည်းအဝေးမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ကြေ ညာခဲ့ပါတယ်။
ဇန်နဝါရီ ၁၉ရက်နေ့မှာ ပြန်လည်စတင်တဲ့ ၁၂ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွေဟာ ၂ဝ၁၅ ရွေး
ကောက်ပွဲမကျင်းပခင် ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် သုံးသပ်ရေးကော်မတီ အစီရင်ခံစာနဲ့ ပြင်ဆင်ချက်တွေ၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စတဲ့ အရေးကြီးကိစ္စတွေအပြင် ၂ဝ၁၅-၁၆ အစိုးရဘက် ဂျက် ခွဲဝေသုံးစွဲရေးကိုပါ အဓိကဆောင်ရွက်မှာမို့ အရေးကြီးတဲ့ လှုပ်ရှားမှုတွေ ပြည့်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။
kamayutmedia

မှတ်ချက်များ