ပညာရေးလွတ်လပ်ခွင့်အတွက် သူတို့ချီတက်ကြလေပြီ


တောင်းဆိုထားတဲ့ ရက်ပေါင်း ၆ဝအတွင်း အစိုးရဘက်က ညှိနှိုင်းဖို့လုံးဝမလုပ်ခဲ့လို့ ပညာရေးဥပဒေကို ပြင် ဆင်ဖို့၊ ကျောင်းသားသမဂ္ဂတွေထူထောင်ခွင့်၊ ဒီမိုကရေစီပညာရေးစနစ် စတဲ့ ကြွေးကြော်သံတွေနဲ့ သပိတ်
မှောက်ကျောင်းသားတွေဟာ ဇန်နဝါရီ ၂ဝရက်မှာတော့ မန္တလေးအိမ်တော်ရာဘုရားဝင်းကနေ အထွေထွေ သပိတ်ကို စတင်လိုက်ပါတယ်။

မန္တလေးကနေ ရန်ကုန်မြို့အထိ သီတင်းနှစ်ပတ်ကြာ လမ်းလျှောက်ချီတက်မှာဖြစ်ပြီး လမ်းတစ်လျှောက် မြို့
တွေက ကျောင်းသားတွေလည်း သပိတ်ကိုပူးပေါင်းပြီး ရန်ကုန်မှာ သပိတ်စခန်းဖွင့်သွားမယ်လို့ သပိတ်
မှောက်ကျောင်း ကိုနန္ဒာစစ်အောင်က ပြောပါတယ်။ လက်ရှိအစိုးရဟာ ကျောင်းသားပြည်သူ လက်မခံတဲ့ ပညာရေးဥပဒေကို ညှိနှိုင်းဖို့ဘာ့ကြောင့် မကြိုးစားခဲ့တာလဲဆိုတဲ့အပေါ် သူက မေးခွန်းထုတ်လိုက်ပြီး လွှတ်တော်ဟာလည်း ဒီမိုကရေစီကျင့်သုံးတဲ့ လွှတ်တော်ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

အောက်မြန်မာပြည်နဲ့ အထက်မြန်မာပြည် ကျောင်းသားသမဂ္ဂတွေက ဦးဆောင်လှုပ်ရှားသူတွေဟာ အိမ်
တော်ရာဘုရားဝင်းကနေ စတင်ချီတက်ပြီး ခရိုင်အသီးသီးက ကျောင်းသားအင်အား တစ်ရာကျော်နဲ့အတူ ခရီးကြမ်းကို စတင်မှာဖြစ်တာကြောင့် ဗြိတိသျှကိုလိုနီခေတ် ရေနံမြေသပိတ်တပ်ကြီးအပြီး အရပ်သားတစ် ပိုင်းအစိုးရလက်ထက်မှာ ပေါ်ပေါက်တဲ့ ပညာရေးလွတ်လပ်ခွင့် တောင်းဆိုတဲ့ သမိုင်းဝင်သပိတ်ကြီးတစ်ခု အဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။

ခရီးရှည်ချီတက်ပွဲအစမှာပဲ တောင်းဆိုချက် ၁၁ချက်ပါဝင်တဲ့ ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အစိုး ရနဲ့ညှိနှိုင်းဆွေးနွေးလိုတဲ့ ကျောင်းသားထုရဲ့ သဘောထားဆန္ဒတွေကိုလည်း ဖော်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေတစ်ခုလုံးကို အလုံးစုံဖျက်သိမ်းပေးဖို့ တောင်းဆိုနေတာမဟုတ်ဘဲ ကျောင်းသား
တွေရဲ့ လိုလားချက်နဲ့ ဆန္ဒသဘောထားကို အစိုးရက ညှိနှိုင်းဆွေးနွေးဖို့ မကြိုးစားခဲ့လို့ အခုလို လှုပ်ရှားမှု ကြီးဖြစ်လာရတာပါလို့ ကိုမင်းသွေးသစ်က ဆိုပါတယ်။



kamayutmedia

မှတ်ချက်များ