နေရာရတာချင်းတူတူပါ


ကလေးဘဝတုန်းကတော့ နေရာတကာ အပြိုင်အဆိုင်ကြိုးစားကြတယ်။ လူကြီးတွေ ဖြစ်လာတော့ နေရာတကာ နေရာလုကြတယ်။ နောက်ဆုံးမှာတော့ နေရာရတာချင်းတူတူပါပဲ။ လူတိုင်းမှာနေရာဆိုတာ ရှိပါ
တယ်။
ကိုယ့်နေရာနဲ့ကိုယ်ပါ။ သူ့နေရာနဲ့သူ ပျော်ပျော်ရွှင်ရွှင်နေကြစမ်းပါစေ။


လူတိုင်းလူတိုင်းမှာ နောက်ဆုံးအချိန်ဟာ လက်ရှိအချိန်လည်း ဖြစ်သွားနိုင်ပါတယ်။ အခက်အခဲတွေကို ဘယ်လိုပဲကျော်လွှားနိုင်စေဦး၊ နောက်ဆုံးထွက်သက် အချိန်ကိုတော့ ဘယ်သူမှ အံမတုနိုင်ပေ။ အဲ့ဒီအချိန်ကျရင်တော့ လူတိုင်းနေရာရကြမှာပါ။ မယူလည်း ပေးပါလိမ့်မယ်။

မသေခင်လေးမှာ ခင်စရာရှိတာလေးတွေလည်း ခင်ပါ၊မင်စရာရှိတာလေးတွေလည်း မင်ပါ။ အရာအားလုံးဟာမျှတမှုရှိနေရင် ကိုယ်အပါအဝင် ကိုယ့်ပတ်ဝန်းကျင်လည်း အေးချမ်းတာပေါ့။ ခင်ခင်မင်မင်နေခြင်းနဲ့အတူသာတူညီမျှသဘောလေးတွေ လက်ကိုင်ထားတတ်ဖို့လည်းလိုတယ်။

ငွေရှိလည်း ကျင်းထဲရောက်တယ်၊ ငွေမရှိလည်း ကျင်းထဲရောက်တယ်။ ပညာတတ်လည်း ကျင်းထဲရောက်
တယ်။ ပညာမတတ်လည်း ကျင်းထဲရောက်တယ်။ ဂုဏ်ရှိလည်း ကျင်းထဲရောက်တယ်။ ဂုဏ်မဲ့လည်း ကျင်းထဲရောက်တယ်။ ကျင်းထဲရောက်ရင် အားလုံးတန်းတူပါပဲ။မရှိမာနတွေ ဖက်တွယ်မထားကြပါနဲ့။

တစ်ခါတစ်ရံ မိမိတို့ဖက်တွယ်ထားတဲ့အရာတွေဟာ မာနတရားတွေဖြစ်နေတတ်တယ်။ ကိုယ့်ဘဝကို လေးလံစေတဲ့အရာတွေကို ကိုယ်ကိုတိုင် သယ်မထားကြတာပါ။
ကိုယ့်ဘဝကို ပင်ပန်းမောပမ်းစေအောင်လည်း ကိုယ်ကပဲ အတင်းခိုင်းနေတာပါ။ နောက်ဆုံးတော့လည်း
 နေရာရတာချင်းတူတူပါပဲလေ။

True Man

မှတ်ချက်များ