ရွှေ့ပြောင်းလုပ်သား ၇၀၀ ပါ စက်လှေ မြေထဲပင်လယ်တွင် နစ်မြှပ် အသက်ရှင်သန်ရန် ရာနှုန်းနည်း



ရွှေ့ပြောင်းလုပ်သား ၇၀၀ နီးပါး တင်ဆောင်လာသည့် စက်လှေသည် ဧပြီ ၁၉ရက် သန်းခေါင်ယံအချိန်တွင်
လစ်ဗျားကမ်းရိုးတန်းမှ ၁၇မိုင် အကွာ၊ အီတလီနိုင်ငံ လမ်ပီဒူဆာကျွန်း တောင်ဘက်ပိုင်းမှ မိုင် ၁၃၀ အကွာရှိ မြေထဲပင်လယ်အတွင်း တိမ်းမှောက်သွားခဲ့ပြီး လှေပေါ်လိုက်ပါလာသူများ အသက်ဆုံးရှုံးဖွယ်ရှိနေသည်ဟု အီတလီ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။

ရွှေ့ပြောင်းလုပ်သားများ လိုက်ပါလာသည့် စက်လှေအနီးသို့ ကုန်တင်သင်္ဘောတစ်စီး ကပ်လာချိန်တွင် စက်လှေပေါ် ပါသူများက ကုန်တင်သင်္ဘောပေါ်သို့ တက်ရန် စက်လှေတစ်ဖက်ခြမ်းသို့ စုပြုံသွားခဲ့ခြင်းကြောင့် လှေမှောက်ခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။

သင်္ဘောအစီး ၂၀ ၊ ရဟတ်ယာဉ် ၃ စင်းဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ အပူတပြင်း ဆောင်ရွက်နေသော်လည်း လက်ရှိအချိန်တွင် လူ ၂၈ဦးသာ ကယ်တင်နိုင်သေးကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြထားသည်။ ၂၀၁၅ ခုနှစ် အစောပိုင်းကလည်း မြေထဲပင်လယ်ကို ကျော်ဖြတ်ရန် ကြိုးပမ်းခဲ့သည့် ရွှေ့ပြောင်းလုပ်သား ၉၀၀ သေဆုံးခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်ရက်သတ္တပတ် ကလည်း အီတလီကမ်းခြေစောင့် တပ်ဖွဲ့က မြေထဲပင်လယ်အတွင်း
 ဒုက္ခတွေ့နေသည့် ရွှေ့ပြောင်းလုပ်သား ၁၀၀၀၀ ကျော်ကို ကယ်တင်ခဲ့သည်။
အီတလီနိုင်ငံ တောင်ဘက်ပိုင်းရှိ လမ်ပီဒူဆာကျွန်းမှာ အာဖရိကတိုက် ရေပိုင်နက်နှင့် အနီးဆုံးကုန်းမြေဖြစ်
ပြီး လက်ရှိအချိန်၌ အဆိုပါကျွန်းရှိ ထိန်းသိမ်းရေးစခန်းတွင် ရွှေ့ပြောင်းလုပ်သား ၁၀၀၀ကျော်ကို ထိန်း 
သိမ်းစောင့်ရှောက်ထားကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။

ရိုးရာလေး

မှတ်ချက်များ