ချစ်သူနဲ့ ရန်ဖြစ်ပြီး ချစ်သူပိုင် ပစ္စည်းအားလုံး ရေထဲပစ်ချခဲ့


အလိမ်အညာခံခဲ့ရတဲ့ အမျိုးသမီးဟာ သူ လိမ်ညာခံခဲ့ရတယ်လို့ သိရှိပြီးတဲ့နောက် သူ့ချစ်သူရဲ့ apple ထုတ် အီလက်ထရွန်နစ် ပစ္စည်းအားလုံးကို ရေထဲပစ်ချခဲ့ပါတယ်။

အဲဒါဟာ သူ့မှာရှိတဲ့ iPhone နဲ့ MacBook တစ်ခုလုံးသာ ရှိခဲ့တာ မဟုတ်ပါဘူး။ ပေါင်ထောင်သောင်းချီတန်တဲ့ မော်နီတာ၊ လက်တော့တချို့၊ တက်ဘလက်တစ်လုံး၊ apple တီဗွီတစ်လုံးနဲ့ အခြားအီလက်ထရွန်နစ်ပစ္စည်းတွေလည်း ပါဝင်တာဖြစ်တယ်။

အဲဒါနဲ့တင်မကျေနပ်သေးတာကြောင့် အမျိုးသမီးက ဒါတွေကို ဓာတ်ပုံရိုက်ကာ Twitter ပေါ်တင်ပြီး သူ့ချစ်သူကို အများရှေ့မှာ အရှက်ခွဲခဲ့ပါသေးတယ်။

Trend Myanmar

မှတ်ချက်များ